News

27-Aug-2017
အမေရိကန် လက်ဝှေ့အကျော်အမော် မေဝယ်သာသည် အိုင်ယာလန် MMA ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အထူးစိန်ခေါ်ပွဲစဉ်တွင် မေဝယ်သာက ပွဲချီ ၁၀ ချီမြောက်၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
27-Aug-2017
အိန္ဒိယနိုင်ငံတွင် ယခုနှစ် ပဲအထွက်နှုန်းမှာ ၄၀ ရာခိုင်နှုန်း တိုးလာပြီး ပဲဈေးများ ကျဆင်းကာ တောင်သူများ၏ ထိခိုက်မည့် အခြေအနေ ဖြစ်နေသောကြောင့် ပြည်ပမှ ပဲတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri က ပြောကြားသည်။
27-Aug-2017
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များ၏ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရွှေ့ပြောင်းလာသူ ၄၀၀၀ ခန့်ရှိပြီး လိုအပ်သော ကျန်းမာရေးနှင့် ရိက္ခာများကို ပြည့်စုံလုံလောက်စွာ ထောက်ပံ့ပေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက The Voice သို့ ပြောကြားသည်။
27-Aug-2017
အငြင်းပွားစရာ ဆန်စပါး အစီအစဉ်တွင် အဂတိလိုက်စားမှုနှင့် တာဝန်ပေါ့လျော့မှုများ ရှိခဲ့သည် ဟူသော စွဲချက်များဖြင့် အမှုရင်ဆိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်သည် ၎င်း၏အမှုအတွက် နောက်ထပ်ရုံးချိန်းမတိုင်မီ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
26-Aug-2017
မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး တမံအတွင်းသို့ ဝင်ရောက်လာသည့် ရေ ပမာဏ မြင့်တက်ခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီကျော်ကစ၍ ရေဧက ပေ လေးသောင်းကျော် ဖောက်ထုတ်ခဲ့ရကြောင်း မန္တလေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်တော်ကြီး(ဌာနခွဲ) ထံမှ သိရသည်။
26-Aug-2017
မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ဆည်တော်ကြီး တမံအတွင်းသို့ ဝင်ရောက်လာသည့် ရေ ပမာဏ မြင့်တက်ခဲ့ရာ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီကျော်ကစ၍ ရေဧက ပေ လေးသောင်းကျော် ဖောက်ထုတ်ခဲ့ရကြောင်း မန္တလေးတိုင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်တော်ကြီး(ဌာနခွဲ) ထံမှ သိရသည်။
26-Aug-2017
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းရှိ ပိတ်မိနေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဝန်ထမ်းများ လုံခြုံရေးအဖွဲ့များကို ရွှေ့ပြောင်းပေးထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
26-Aug-2017
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့် ဓနု အမျိုးသားညီလာခံကို လာမည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဓနုအမျိုးသား ညီလာခံကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။
26-Aug-2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၆ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်ရာမှ နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့သည့် မိသားစုများထံ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက ဆီဘောက်ဆာ ကုမ္ပဏီဘက်မှ တာဝန်ရှိသူများ လာရောက်ဆက်သွယ် မေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။
26-Aug-2017
အစိုးရက တရားဝင် ဖိတ်ကြားပါက ထပ်မံကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။
26-Aug-2017
ရန်ကုန်ဘူတာနယ်မြေ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာတွင် ပြည်တွင်းကုမ္ပဏီ နှစ်ခုသာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
26-Aug-2017
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ ၂၂ အသင်းသည် ထိုင်းအသင်းကို နောက်ကျသွင်းဂိုးကြောင့် တတိယလုပွဲသာ ကစားရတော့မည်ဖြစ်သည်။
26-Aug-2017
ဘာစီလိုနာနည်းပြ ဗယ်ဗာဒီသည် အသင်းထံသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီဖြစ်သည့် ဒေါ့မွန်တိုက်စစ်မှူး ဒမ်ဘီလီမှာ နေမာကို ရောင်းထုတ်လိုက်သည့်အတွက် ပျောက်ဆုံးသွားခဲ့သော ဘာစီလိုနာ၏ တိုက်စစ်ကစားဟန်ကို ပြန်လည် အသက်သွင်းပေးမည့် ကစားသမားဖြစ်သည်ဟု ဖွင့်ဟပြောကြား
26-Aug-2017
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို ထိထိရောက်ရောက် အရေးယူရန် အလိုအလျှောက် လူကူးအချက်ပြ မီးပွိုင့်များကို ပြည်သူများ ဖြတ်သန်းသွားလာမှုများသည့် လူစည်ကားရာနေရာတွင် ဦးစားပေး တပ်ဆင်မည်ဖြစ်ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တောင်ပိုင်းခရိုင်) ထံမှ သိရသည်။
26-Aug-2017
မြန်မာ့ရေကြောင်းလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ရေကြောင်းပညာရေး စနစ်ကို ပြင်ဆင်မည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။