News

02-Sep-2017
ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် ဝက်ခေါက်များကို ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဝက်ခေါက်များကို စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က မီးရထားဝင်းအတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျိုင်းတုံခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောကြားသည်။
02-Sep-2017
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု များလာသဖြင့် တစ်နာရီ မောင်းနှင်နိုင်သည့် သတ်မှတ်ကီလိုနှုန်း ပြောင်းလဲပြီးနောက် စတင်အရေးယူသည့် စက်တင်ဘာလ ၁ ရက်မှာပင် ယာဉ်စီးရေ ၆၃ စီး အရေးယူခဲ့ရကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ရဲအရာရှိတစ်ဦးက ပြောကြားသည်။
02-Sep-2017
မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ နားလည်မှုဖြင့် ဆယ်ရက်တစ်ကြိမ် ဖွင့်သည့် ပန်ဆောင်မြို့ရှိ နယ်စပ်ဈေးကို ခုနစ်လကျော်ကြာ ပိတ်ထားပြီးနောက် သြဂုတ်လကုန်တွင် ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်ရောင်းဝယ်ရေး စတင်ပြုလုပ်နေကြပြီ ဖြစ်ကြောင်း ပန်ဆောင်မြို့နေ ဦးလော်တူးက ပြောကြားသည်။
01-Sep-2017
မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ်အတွင်းက ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လေလံတင်ရောင်းချခြင်းကို ပြည်နယ်အစိုးရက လုပ်ဆောင်တော့မည် မဟုတ်ဘဲ ပြည်ထောင်စုအစိုးရကသာ လုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးထံမှ သိရသည်။
01-Sep-2017
မန္တလေးတိုင်းအတွင်း လက်ရှိ ဘဏ္ဍာနှစ်၏ အရအသုံးမှန်ခြေစာရင်းမှ ဖြတ်တောက်ခဲ့သော ကျပ်သန်း ၇၀ဝ၀ ကျော် ကို ကျေးလက်မီးလင်းရေးနှင့် ရေရရှိရေး လုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။
01-Sep-2017
ကာလအတန်ကြာမြင့်စွာ ကွယ်ပျောက်နေခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အာဏာရှင်ဆန်သည့် စနစ်တစ်ရပ် ဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
01-Sep-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ အရာရှိ အချင်းချင်း ၆၆(ဃ) ဖြင့် အမှုဖွင့်တိုင်ကြားမှုတွင် စွပ်စွဲခံရသူကို တရားရုံးက အာမခံပေးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က ပြောကြားသည်။
01-Sep-2017
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းဝင်းရှိ မိသားစု နေအိမ်လိုင်းခန်း အနီးတွင် စက်တင်ဘာလ ၁ ရက် နံနက် ၆ နာရီ ဝန်းကျင်က ရဲတပ်ကြပ်တစ်ဦး ရေမြောင်းထဲ ပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Sep-2017
ညောင်ဦးလေဆိပ်ကို နိုင်ငံတကာ လေယာဉ်ကြီးများ ဆိုက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီလေဆိပ် ဖြစ်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
01-Sep-2017
ပဲခူးတိုင်းဒေသကြီး သွယ်တန်မြို့နယ် သာဂရမြို့ ကန်သာယာရပ်ကွက် နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီ သွယ်တန်းထားသည့် ဝါယာကြိုးကို ပါးစပ်နှင့် ကိုက်ဖတ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သာဂရ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
01-Sep-2017
ကန့်သတ်ကုန်စည်အဖြစ် ကြေညာထားသော ပဲစင်းငုံကို အိန္ဒိယနိုင်ငံဘက်က သြဂုတ်လ ၅ ရက်နေ့ မတိုင်မီ ငွေချေပြီးထားသော ယင်းပဲများကို ပြန်လည်ဝယ်ယူမည် ဆိုခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
01-Sep-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူ ပရိသတ်များ၏ ထောက်ခံမှု ကျဆင်းသည့် အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်ကာ လက်ရှိတွင် အာစင်ဝင်းဂါးကို ထောက်ခံသည့် အာဆင်နယ် ပရိသတ် ပမာဏမှာ ငါးရာခိုင်နှုန်းသာ ရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။
01-Sep-2017
ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု ကာကွယ်ရေး အပါအဝင် မြို့ပြဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကို အပိုင်းသုံးပိုင်းဖြင့် ခွဲဝေသုံးစွဲရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာမောင်မောင်စိုးက သြဂုတ်လ ၃၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောကြားသည်။
01-Sep-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း ခြောက်ကျောင်းသည် ကျောင်းဆရာ၊ ဆရာမ မရှိသည့်အတွက် ကျောင်းပိတ်ထားရကြောင်း နန်းယွန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
01-Sep-2017
မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများနှင့် ခြိမ်းခြောက်မှုများ ပိုမိုများပြားလာချိန်တွင် ဂျပန်နိုင်ငံက အမေရိကန် ဒုံးကျည်ကာကွယ်ရေး ရေဒါစနစ်သစ်တစ်ခုကို တပ်ဆင်ရန် ကြိုးပမ်းလျက်ရှိကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။