News

01-Oct-2019
ဒဂုံမြို့သစ် (၄) မြို့နယ်ရှိ လမ်းဆုံလမ်းခွများ၌ CCTV ကင်မရာများတပ်ဆင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
01-Oct-2019
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုတွင် တရားလိုပြသက်သေအဖြစ် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးအား စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။
01-Oct-2019
တောင်​တွင်းကြီးမြို့နယ်​၊ တက်​ပု​အောင်း​ကျေးရွာတွင် စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက အထက်​တန်း​ကျောင်း ပညာ​ရေးဝန်​ထမ်းအမျိုးသမီးတစ်​ဦးကို ချစ်​ကြိုက်​စကား​ပြောသည်ကို လက်​မခံသဖြင့်​ လူသတ်​မှုဖြစ်​ပွားခဲ့​ကြောင်း ယင်းမြို့နယ်​ ကုက္ကိုကုန်းနယ်​​မြေရဲစခန်းထံမှ သိရသည်​။
01-Oct-2019
ပဲခူးမြို့  နန်းတော်ရာ ရပ်ကွက် ဥသာ ၉ လမ်းထိပ်တွင် စက်တင်ဘာ ၃၀ ရက် ည ၉ နာရီ ကျော်ခန့်က ပေါက်ဆိန်တစ်လက် ကိုင်ဆောင်ပြီး မူးယစ်ယမ်းကားနေသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ရဲတပ်ကြပ် တစ်ဦး၏ သေနတ်ကို လုယူရာမှ သေနတ်ကျည်နှစ်ချက် ပေါက်ထွက်ပြီး ထိမှန်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။
01-Oct-2019
ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ခြမ်း သာယာဝတီမြို့နယ်အတွင်း စပါးဈေးတိုးမြှင့်ပေးရေး အပါအဝင် လယ်သမားဘဝများကို မြှင့်တင်ပေးရန် တောင်သူတစ်ထောင်ကျော်တို့က ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
01-Oct-2019
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာသစ်ကို ၁၅ ရက်အတွင်း ရွှေ့ပြောင်းပေးရန် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။
01-Oct-2019
ဈေးကွက်အတွင်း မြင့်တက်နေသည့် အိမ်အငှားဈေးနှုန်းများ ကျဆင်းစေရန် အစိုးရအငှားအိမ်ရာများ ထပ်မံ ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီထံမှ သိရသည်။
01-Oct-2019
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျောက်တိုင်ကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က သားဖြစ်သူ မှ စိတ်ဖောက်ပြန်ပြီး ဓါးဖြင့် ထိုးသဖြင့် မိခင်ဖြစ်သူ သေဆုံးသည့်ဖြစ်စဉ်ခဲ့ကြောင်း ကန့်ဘလူမြို့မရဲစခန်းမှသိရသည်။
01-Oct-2019
အပြန်အလှန် သက်ရောက်နေသည့် အရေးအခင်းများကိစ္စကို ဖြေရှင်းရန်နှင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီအာရေးဗီးယားနှင့် ဆွေးနွေးမည့် ကိစ္စကို ကြိုဆိုပါကြောင်း အီရန်က တနင်္လာနေ့ကတည်းက ထုတ်ပြန်လိုက်သည်။
01-Oct-2019
ကမ်းနားလမ်းညဈေးတွင် ရောင်းချနေသည့် ပစ္စည်းအဟောင်းများ ရောင်းချသည့် ဈေးသည် ၁၅၀ ကျော်မှ ဆိုင်ခန်းချပေးမှုနှင့်ပတ်သက်ပြီး မျှတမှုမရှိသည့်အတွက် တိုင်ကြားထားသည့်အပေါ် ထူးခြားမှုမရှိပါက ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။
01-Oct-2019
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများသည် တရားမျှတမှု၊ မှန်ကန်တိကျမှု မရှိသည့်အပြင် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်း ခြင်းမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သည်။
30-Sep-2019
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းတွင် ရွေးကောက်ပွဲ နီးလာလေ တိုင်စာများ အလွန်များပြားလာကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
30-Sep-2019
အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လျှော့ချမည့် စည်းကြပ်မှုမှ ကင်းလွတ်နေသည့်ငွေများအတွက် လျှော့ချသည့် အခွန်နှုန်းထားကို ယင်းရက်မတိုင်မီ ဝယ်ယူထားသည့် အခွန်ဆောင်မှုတွင်လည်း အကျုံးဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
30-Sep-2019
လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီတစ်ခုတည်းက ရွေးချယ်မည်မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲကကဲ့သို့ ရပ်မိရပ်ဖများက ရွေးချယ်ပြီး ပါတီသတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
30-Sep-2019
တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုနှင့် နိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧရာမ စစ်ချီအခမ်းအနားကြီးတစ်ရပ်ကို အောက်တိုဘာလ ၁ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။