News

02-Jan-2021
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အရေးကိစ္စများကိုသာ အဓိကထား ဆွေးနွေးခဲ့ကြောင်း ဒေသခံပါတီများထံမှ သိရသည်။
31-Dec-2020
လာမည့် ၂၀၂၁ ခုနှစ်တွင် ကလေးသူငယ်ပေါင်း ၁၀ သန်းကျော်ခန့်မှာ ဆိုးရွားလှသည့် အာဟာရချို့တဲ့မှုကြီးကို ဖြစ်ပေါ်ခံစားရလိမ့်မည်ဖြစ်သည်ဟု ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ထုတ်ဖော်သတိပေးပြောကြားလိုက်သည်။
31-Dec-2020
တရုတ်နိုင်ငံရှိ ဆေးဝါးကုမ္ပဏီကြီး Sinopharm မှ ထုတ်လုပ်ထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ခွင့်ပြုခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။
31-Dec-2020
ဥရောပအကောက်ခွန်အဖွဲ့နှင့် ဘုံဈေးကွက်မှ ဗြိတိန်ထွက်ခွာခြင်းနှင့်အတူ ဘရိတ်ဇစ်အပြည့်အဝအသက်ဝင်လာမည်ဖြစ်ပြီး ရာစုနှစ်တစ်ဝက်ကြာ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများအကြား အတက်အကျ အနိမ့်အမြင့် များစွာရှိခဲ့သည့် ဆက်ဆံရေးတစ်ရပ် အဆုံးသတ်သွားပြီဖြစ်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြသည်။
31-Dec-2020
ငွေလိမ်လည်နေသည့် ဂိုဏ်းအဖွဲ့တစ်ခုကို ထပ်မံဖမ်းဆီးရမိပြီးနောက်ပိုင်းတွင် မသင်္ကာဖွယ် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ အိမ်ငှား နေထိုင်သည်ကို တွေ့ရှိပါက သတင်းပေးရန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
31-Dec-2020
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၅ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
31-Dec-2020
လက်ရှိမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်သေးပေမယ့် အနာဂတ်မှာ ဒီဥပဒေကို ကျင့်သုံးသင့်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုတင်အသိပေးတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်အဖွဲ့က ပြောပါတယ်။
31-Dec-2020
ပဲခူးတိုင်း ဖြူးမြို့နယ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့နံနက်က အချုပ်ကျတရားခံ အမျိုးသားနှစ်ဦး ယာယီအချုပ်ခန်းကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
31-Dec-2020
စဉ့်ကိုင်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်းသုံးသောင်းကျော် သုံးစွဲသွားရန် ရေးဆွဲထားကြောင်း စဉ့်ကိုင်မြို့နယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောကြားသွားသည်။
31-Dec-2020
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ သတ်မှတ်သွင်းကုန် လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလကို တိုးမြှင့်လိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။
31-Dec-2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက အခွန်ကြေညာလွှာတင်သွင်းရမည့်သတ်မှတ်ရက်များကို တိုးမြှင့်လိုက်ကြောင်း ယင်းဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
31-Dec-2020
မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုဗစ်-၁၉ ကပ်ရောဂါကုသဆေးဝါးထုတ်လုပ်မှု အောင်မြင်ကြောင်း ; AA Medical Products., Ltd. က ကြေညာခဲ့သည်။
31-Dec-2020
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရှိ သူနာပြုတစ်ဦးသည် Pfizer/BioNTech ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးထားသော်လည်း တစ်ပတ်အကြာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး Pfizer ကုမ္ပဏီကမူ စစ်ဆေးနေကြောင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးမှသာ ထိရောက်မှု အားကောင်းမည်ဖြစ်ကြောင်း ဖြေရှင်းထားသည်ဟု ABC သတင်းဌာနက ဖော်ပြသည်။
31-Dec-2020
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း၊အစောဆုံးကာလတွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိမည့် အခြေအနေထိရှိနေပြီဖြစ်ကြောင်း မြန်မာသံရုံး(ပေကျင်း)ကထုတ်ပြန်သည်။