News

17-Sep-2020
မြန်မာနိုင်ငံတွင် SME လုပ်ငန်း စတင်လုပ်ကိုင်မည့်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသားများအတွက်အသုံးဝင်မည့် Financial Literacy Festival အစီအစဉ်ကို Prudential မြန်မာ၊ ရိုးမဘဏ်နှင့် Phandeeyar Institute တို့ ပူးပေါင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
17-Sep-2020
ပြင်းထန်အားကောင်းသည့် ဟာရီကိန်းဆာလီသည် အမေရိကန်ပြည်ထောင်စု ကမ်းရိုးတန်းဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် မိုးသည်းထန်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အမေရိကန်ပြည်သူ ၅၅၀,ဝ၀ဝ ခန့် လျှပ်စစ်ပြတ်တောက်မှုဒဏ်ကို ခံစားနေရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
17-Sep-2020
ဘီလာရပ်စ်နိုင်ငံတွင် ဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် မစ္စမာရီယာကောလက်စ်နီကိုဗာယကို တိုင်းပြည်လုံခြုံရေးထိခိုက်စေရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားကြောင်း ဘီလာရပ်စ်အာဏာပိုင်များက ပြောကြားသည်။
17-Sep-2020
ကမ္ဘာ့လူဦးရေ၏ အနည်းငယ်မျှကိုသာ ကိုယ်စားပြုထားသော ချမ်းသာသည့်နိုင်ငံများသည် COVID-19 ကာကွယ်ဆေးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို ဝယ်ယူရရှိရန် ကတိကဝတ်ရှိထားခဲ့ပြီးဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။
17-Sep-2020
အမေရိကန်ပြည်ထောင်စုသည် ခရုဇ်ဒုံးကျည်များ၊ မောင်းသူမဲ့ ဒရုန်းများ၊ မိုင်းများအပါအဝင် အဓိကလက်နက်စနစ် ၇ မျိုးခန့်အထိ ထိုင်ဝမ်သို့ရောင်းချပေးရန် စီစဉ်နေကြောင်း ယင်းအရောင်းအဝယ်ဆွေးနွေးမှုနှင့် ဆက်စပ်သူလေးဦးက ပြောဆိုခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။
17-Sep-2020
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP) ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်နှင့်ပတ်သက်၍ လူထု၏သဘောထားရယူသည့် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်ကို စက်တင်ဘာလ ၁၅ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
17-Sep-2020
ကိုဗစ်-၁၉ အတည်ပြုလူနာများထားရှိရန် ဒုတိယမြောက်ထပ်မံဖွင့်လှစ်ခဲ့သည့် ခုတင် ၃၀ဝ ဆံ့ သင်ကြားရေးဆေးရုံတွင် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းမှစတင်၍ အတည်ပြုလူနာနှစ်ဦးကို ကန်တော်နဒီဆေးရုံမှ လွှဲပြောင်းလက်ခံထားပြီဟု ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ပြောကြားသည်။
17-Sep-2020
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး) ရှိ ပထမအဆင့်တည်ဆောက်ပြီးစီးသည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ မဲနှိုက်ရွေးချယ်မှုကို စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
17-Sep-2020
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)၊ ယာဉ်မောင်းလိုင်စင်နှင့် သန်းခေါင်စာရင်းအတုများပြုလုပ်နေသောအဖွဲ့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Sep-2020
Covid-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်း သက်သာစေရန်နှင့် ရုံးလုပ်ငန်းများတွင် လူအချင်းချင်း ထိတွေ့ဆောင်ရွက်မှုများကို လျှော့ချနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ၏သက်တမ်းကို ယာယီတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
17-Sep-2020
မြန်မာနိုင်ငံအလယ်ပိုင်းတွင် ယခုနှစ်မိုးရာသီကာလ၌ မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ရှိ ရေဝေချောင်းများအတွင်းသို့ ရေအဝင်နည်းနေသည်ဟု အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
17-Sep-2020
Covid-19 ဓာတ်ခွဲလူနာကူးစက်မှု အရေအတွက်များပြားလာမှုကြောင့် တာချီလိတ်-မယ်ဆိုင်နယ်စပ်တွင် နှစ်နိုင်ငံအကြား ကုန်တင်ယာဉ် ၆ စီးသာ အပြန်အလှန်ဝင်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
17-Sep-2020
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားသည့် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် Spa များ၊ ဘားများ ဖွင့်လှစ်ထားခြင်း ရှိ မရှိ သိရှိနိုင်ရန် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
17-Sep-2020
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကုန်သွယ်ရေးဇုန် Community Based Facility Quarantine စင်တာတွင် Quarantine ဝင်နေသူများအနက်မှ အမျိုးသားရှစ်ဦး စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ထွက်ပြေးသွားသည့်အတွက် စုံစမ်းရှာဖွေနေသည်ဟု မြဝတီခရိုင်မီးသတ်စခန်းမှူး ဦးဖြိုးမင်းဇော်က ပြောကြားသည်။
17-Sep-2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက Covid-19 ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေးနှေးကွေးမှုကို ပြန်လည်နှိုးဆွနိုင်စေရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ယင်းဌာနထံမှသိရသည်။