18-Jan-2021
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ တွင်ဖော်ပြထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးတောင်း ဆိုလျှင် ပြည်ထောင်စုလွှတ်တော် နာယက က အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပပေးရမည်ဟု အတိအလင်း ဖော်ပြထားပါလျက် ခေါ်ယူကျင်းပပေးရန် မရှိခြင်းသည် အခြေခံဥပဒေကို မျက်ကွယ်ပြု ရာရောက်နေသည်ဟု သုံးသပ်၍ရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ဇန်နဝါရီလ ၁၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။