News

04-Feb-2017
ကျောင်းသားမိဘများနှင့် ဆက်ဆံရေး အဆင်မပြေ၍ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်စန်းကို ကျောင်းပြောင်းရွှေ့ အရေးယူလိုက်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သို့ ပြောကြားသည်။
04-Feb-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ထီးလှိုင်ရန်ပြေမာန်ပြေလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ခေတ္တတည်းခိုနေထိုင်သူ တစ်ဦးထံမှ တန်ဖိုးငွေ သိန်း ၁၁၀၀ ကျော်ရှိသည့် စိတ်ကြွဆေးပြား နှစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
04-Feb-2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သော အောင်ဇေယျ ကျေးရွာအနီးသို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းက မင်္သကာဖွယ် လူအုပ်စု တက်လာသဖြင့် သေနတ်ပစ်ဖောက် တားဆီးခဲ့ရကြောင်း ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ရင်း ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
03-Feb-2017
ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဘင်္ဂါလီစကားဖြင့် အစိုးရက ရေဒီယို ထုတ်လွှင့်မှုကို ဘူးသီးတောင်မြို့နယ်မှ ရခိုင်တိုင်းရင်းသားများက ကန့်ကွက်မည်ဖြစ်ကြောင်း အဆိုပါမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ပြောကြားသည်။
03-Feb-2017
လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ စက်ရုံများရှေ့တွင် တဲထိုး၍ ငွေတောင်းသူများကို မီးကွင်းပစ် ဖယ်ရှားမည်ဟု ရွှေလင်ပန်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ တဲထိုးငွေတောင်းသူများက ပြောကြားသည်။
03-Feb-2017
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာန၏ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ်အတွင်း ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ စည်းကြပ်တန်ဖိုး (CIF) ဈေးနှုန်း ထွက်လာပြီးနောက် မော်တော်ယာဉ် ဈေးကွက် အရောင်းအဝယ် ရပ်နေကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။
03-Feb-2017
NLD ပါတီ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူ ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက်နေ့က ကရင်ပြည်နယ်တွင် ဖမ်းမိကြောင်း နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
03-Feb-2017
ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် မဖြစ်မနေ သုံးရမည့် လုပ်ငန်းများ ရှိနေသောကြောင့် နိုင်ငံတော် သမ္မတ၏ သီးသန့် ရန်ပုံငွေမှ ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ ကို သုံးစွဲရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပေးပို့လိုက်သည်။
03-Feb-2017
မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေ၀ပ်ဒေသ (Ramsar Site)အဖြစ် သတ်မှတ်ခြင်း ခံရသည့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုငှက် ၀င်ရောက်ကျက်စားမှု လျော့နည်းကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောကြားသည်။
03-Feb-2017
ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း ပြည်ပမှပညာရှင်များ ခေါ်ယူကာ ပင်မစီမံကိန်း (Master Plan) ရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
03-Feb-2017
အကြမ်းဖက်မှု၊ တရားလက်လွတ် သတ်ဖြတ်မှုကို ကန့်ကွက်သည့်အနေနှင့် ဦးကိုနီ အသတ်ခံရသည့်နေ့မှ တစ်လတိတိကို ၀မ်းနည်းဖွယ်ကာလအဖြစ် သတ်မှတ်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က တောင်းဆိုလိုက်သည်။
03-Feb-2017
အကျိုးဆောင်လိုင်စင်ကြေး ၁၀ ဆကျော်တိုးမြှင့်မည့်အပေါ် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများက သမ္မတ ရုံးနှင့် ၀န်ကြီးဌာနတို့ထံ ကန့်ကွက်စာ တင်ပြသွားမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောသည်။
03-Feb-2017
စစ်တွေမြို့ သဲချောင်းကျေးရွာရှိ မော်သီးညှာ ကယ်ဆယ်ရေးစခန်းတွင် ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီခန့်က အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သည်။
03-Feb-2017
မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ဆိပ်ငယ်ဈေးကြီးတွင် တစ်လမ်းမောင်းစနစ်ကို ဇန်နဝါရီလ ၃၁ ရက်မှစပြီး စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။
03-Feb-2017
ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ယနေ့ (ဖေဖော်ဝါရီလ ၃ ရက်) က ရဲတပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံဖြင့် ရန်ကုန်လုံခြုံရေးကို တင်းကြပ်စွာ ဆောင်ရွက်နေကြောင်း အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်းက The Voice သို့ ပြောကြားသည်။