News

04-Apr-2019
မန္တလေးတိုင်း ရမည်းသင်းမြို့ မိုးထိမိုးမိဒေသရွှေလုပ်ကွက်များအတွင်း ရွှေခိုးတူးမှုများကို တာဝန်ကျ နိုင်ငံဝန်ထမ်းများက အဂတိလိုက်စားပြီး ကူညီနေကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာနှင့် အမျိုးသားနှစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒဖြင့် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ထားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။
04-Apr-2019
မိတ္ထီလာမြို့နယ် ပန်တော်ဆက်ကျေးရွာမှ ရှစ်တန်းကျောင်းသူနှစ်ဦးကို ဧပြီလ (၃) ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မလိုက်လျှင် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ ခေါ်ဆောင်သွားသည့် အမျိုးသားနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ယင်းနယ်မြေခံရဲစခန်းထံမှ သိရသည်။
04-Apr-2019
ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ် စွန့်လွှတ်ရေး သဘောတူညီမှုရရှိပါက စုံစမ်းစစ်ဆေးသူများကို သီတင်းပတ်အနည်းငယ်အတွင်း ပို့ပေးရန်နှင့် အကယ်၍ တောင်းဆိုလာပါက နျူလက်နက်ဖျက်သိမ်းမှုကို စောင့်ကြည့် စစ်ဆေးပေးရန် အဆင်သင့်ရှိကြောင်း အင်္ဂါနေ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
04-Apr-2019
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သာသနာရေးအတွက် တင်သွင်းစီးနင်းခွင့်ပြုထားသော RLG (သာသနာရေး) နံပါတ်တပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ရဟန်းသံဃာများ အမှန်တကယ် ပိုင်ဆိုင်ခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း ယင်းမြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဝီဒူရက မိန့်ကြားသည်။
04-Apr-2019
မန္တလေးမြို့အရှေ့ခြမ်းရှိ ရေရရှိမှုနည်းသော ရပ်ကွက်များကို ပိုက်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်မတိုင်မီ ရေဖြန့်ဖြူးရေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ပြောကြားသည်။
04-Apr-2019
ဈေးနှုန်းကျဆင်းအဆမတန်ကျဆင်းနေသော ရက် ၉၀ ဆန်ကို မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ဝယ်ယူပေးမည်ဟုဆိုပြီးနောက် ပြည်ပပို့ဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်ကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်အတွင်းမှ သိရသည်။
04-Apr-2019
ရန်ကုန်မြို့မှ မိုင် ၁၅၀၀ ခရီးနှင်မည့် ငြိမ်းချမ်းရေးဆိုင်ကယ်စီးအဖွဲ့သည် ဧပြီလ ၃ ရက်နေ့က မန္တလေးမြို့သို့ ခေတ္တဝင်ရောက်ပြီးနောက် ရန်ကုန်မြို့သို့ ခရီးဆက်လက်ထွက်ခွာသွားသည်။
04-Apr-2019
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကုပြင်ပဌာနများကို ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ငါးရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းသိန်းက ပြောကြားသည်။
04-Apr-2019
ကွန်ပျူတာ malware ဗိုင်းရပ်စ် ယူဆောင်လာသော တရုတ်နိုင်ငံကူး လက်မှတ်နှစ်ခု ကိုင်ဆောင်ထားသည့် အာရှတိုက်သူ အမျိုးသမီးတစ်ဦးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်ပိုင် မာအေလာဂိုစံအိမ်သို့ ဝင်ရောက်ရန် လိမ်ညာပြောဆိုခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
04-Apr-2019
ထားဝယ်တွင် နှစ်ရက်အတွင်း ကျပ် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ လိုင်စင်မဲ့ နိုင်ငံခြားအရက်နှင့် ဘီယာများ ဖမ်းမိခဲ့ကြောင်း ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနထံမှ သိရသည်။
04-Apr-2019
မွန်ပြည်နယ်တွင် မဟာသင်္ကြန် ပွဲတော်ကျင်းပရန်အတွက် ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သိန်း ၂,၄၀၀ ခန့် သုံးစွဲရန် လျာထားသည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
04-Apr-2019
နိုင်ငံရေးသမားများ၊ ထင်ရှားသော ပုဂ္ဂိုလ်များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများက တစ်ကမ္ဘာလုံးတွင် ကန့်ကွက်နေကြသော်လည်း လိင်တူဆက်ဆံခြင်းနှင့် အိမ်ထောင်ရေး ဖောက်ပြားမှုတို့ကို ကျောက်တုံးဖြင့် ပစ်ပေါက်သတ်မည့် ပြစ်ဒဏ်အပြင် တင်းကျပ်သော ရှာရီယာ ဥပဒေများကို ဘရူနိုင်းတွင် စတင်ကျင့်သုံးပြီဖြစ်ကြောင်း AFP သတင်းက ဖော်ပြထားသည်။
04-Apr-2019
ရန်ကုန်မြို့တော်မဟာသင်္ကြန် ပွဲတော်တွင် နှစ်စဉ်ထည့်သွင်း ကျင်းပနေသည့် ရခိုင်ရိုးရာသင်္ကြန်ကို ယခုနှစ်တွင် ကျင်းပတော့မည်မဟုတ်ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။
03-Apr-2019
မန္တလေးတိုင်းအတွင်းရှိ နည်းပညာတက္ကသိုလ်နှစ်ခု ပူးပေါင်း၍ သံချပ်နှင့် ယိမ်းအကတို့ကို အလှပြယာဉ်ဖြင့် ယခုနှစ် မန္တလေးသင်္ကြန်တွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ဦးဆင့်စိုးက ပြောကြားသည်။
03-Apr-2019
ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ စိမ့်ကြီးကျေးရွာအုပ်စု၊ အင်တောကန်ရွာနေ ကိုမျိုးခိုင် (၃၀ နှစ်) သည် အလုပ်သွားမည်ဟု ဇနီးမချိုမာလွင် (၂၉ နှစ်)ကို ပြောဆိုကာ နေအိမ်မှထွက်သွားပြီးနောက် စိမ့်ကြီးကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် ထပ်မံပေါင်းသင်းနေသည်ကို သိရှိရ၍ ဧပြီ ၂ ရက်က တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းထံမှ သိရှိရသည်။