News

13-Jul-2020
ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်ကိုဆက်သွယ်တည်ဆောက်မည့် ဆိပ်ကြီး-ခနောင်တို-ဒလ (တွံတေးတူးမြောင်းကူး) တံတားကို ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်စန္ဒာမင်းကပြောကြားသည်။
13-Jul-2020
စေတနာ့ဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများအတွက် လိုအပ်သည့်အကူအညီများကို တစ်နေရာတည်းတွင် အခမဲ့ရှာဖွေနိုင်သည့် ကူမယ်အဖွဲ့အစည်းကို စတင်တည်ထောင်လိုက်ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရသည်။
13-Jul-2020
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပီကင်း ၊ ခေါခူကျေးရွာရှိ ဝက်မွေးမြူရေးခြံအချို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြင့် ဝက်ကောင်ရေ ၁၈ဝ ကျော် သေဆုံးခဲ့ပြီးနောက် ဝက်မွေးမြူခွင့်ခြောက်လ ပိတ်ပင်ခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။
13-Jul-2020
တပ်မတော်ပိုင်မြေတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာနှင့်ငွေတောင်ကျေးရွာမှဒေသခံ ၁ဝ၅ ဦးသည် ဇူလိုင်လ ၁၃ ရက်နေ့က စဉ့်ကူးမြို့နယ်တရားရုံး၌ တရားစွဲဆိုခံခဲ့ရသည်။
13-Jul-2020
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ ၁၃ အရ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များ တင်သွင်းမှုနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လိုက်သည်။
13-Jul-2020
ယခုပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အထက်တန်းနှင့် မူလတန်း မသန်စွမ်းကျောင်းသား၊ ကျောင်းသူ ၁၂,၀၀၀ ကျော်ကို ပညာသင်ထောက်ပံ့ကြေးပေးရန် ကျပ် ၆၈၈ သန်းကျော်လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
13-Jul-2020
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အမှိုက်ခွဲခြားစွန့်ပစ်စနစ် ကျင့်သုံးနိုင်ရန်နေရာငါးခုတွင်ကနဦး စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။
13-Jul-2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပအစီအစဉ်) ဖြင့် စစ်ကိုင်းတိုင်းနှင့်ဧရာဝတီတိုင်းရှိ အိမ်ခြေပေါင်း ၂ဝဝ အတွက် CFP-3 batch (၂) အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
13-Jul-2020
အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲ များတွင် အထက်တန်းပြဆရာ၊ ဆရာမ တစ်သောင်းခွဲခန့် လိုအပ်နေကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောကြားသည်။
13-Jul-2020
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားကစားတွင် စိတ်ပါဝင်စားမှုရှိလာစေရန် အခြေခံပညာကျောင်းများသို့ အားကစားနည်းများအလိုက် သရုပ်ပြပွဲများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်။
13-Jul-2020
မိတ္ထီလာမြို့နယ်ရှိ လူမှုဖူလုံရေးရုံး၌ မှတ်ပုံတင်ထားသော အလုပ်ဌာနများအတွက် လူမှုဖူလုံရေးထောက်ပံ့ ကူညီမှု အကျိုးခံစားခွင့် ကျပ် ၄၈၂ သိန်းကျော် ထုတ်ပေးခဲ့ပြီး ထုတ်ပေးရန်ကျန်ရှိနေသော အလုပ်ဌာနများကိုလည်း ဆက်လက်စိစစ်နေပြီဖြစ်ကြောင်း ယင်းမြို့နယ် လူမှုဖူလုံရေးရုံးထံမှ စုံစမ်းသိရသည်။
13-Jul-2020
အိန္ဒိယ၏ လူသိအများဆုံးရုပ်ရှင် သရုပ်ဆောင်အနုပညာရှင် တစ်ဦးဖြစ်သော အမီတာဘာဂျန်းတွင် Covid-19 ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက Twitter မှတစ်ဆင့် ပရိသတ်များကို ပြောကြားခဲ့သည်။
13-Jul-2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကမ္ဘာ့ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး နှာခေါင်းစည်း Mask မတပ်ဘဲ ယင်းကိစ္စကို ဆက်တိုက်ငြင်းဆန်ခဲ့သူ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ဇူလိုင်လ ၁၂ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် Mask တပ်ကာ အများပြည်သူရှေ့သို့ ထွက်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
13-Jul-2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် ၆ ရပ်ကွက် ကမ်းနားလမ်းနှင့်ရွေးဗိုလ်တပ်လမ်းထောင့်အနီးတွင် ပြည်သူများကိုဆဲဆိုပြီး ဒေသခံလူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရန်ဖြစ်ခဲ့သည့် ရေကြောင်းရဲ၊ ရဲတပ်ကြပ်ကြီးအပါအဝင် ၃ ဦး၏ဖြစ်စဉ်အတွက် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်သော တာဝန်ရှိရဲအရာရှိများက မေတ္တာရပ်ခံတောင်းပန်ခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်က ပုသိမ်နယ်မြေရဲစခန်းတွင် ပြုလုပ်ခဲ့သည်။
13-Jul-2020
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စုအထက် ကဇင်တောကျေးရွာအနီးရှိ ချောင်းပေါက်အတွင်း ထောင်ထားသည့် ငါးထောင်မြှုံး (တုပ်တန်း) အတွင်းမှ မိကျောင်းပေါက် အသေတစ်ကောင် ဇူလိုင် ၁၁ ရက်နေ့ကဖမ်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။