News

POST TYPE

NEWS

မုန်တိုင်းကြောင့် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ သတိထားပြေးဆွဲရန် သတိပေး
30-May-2017 tagged as မိုးလေဝသ

ကလေး၊ မေ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် အထက်ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအနေဖြင့် မုန်တိုင်းကာလ သတိထားသွားလာကြရန် သတိပေးထားကြောင်း ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြောကြားသည်။

“မိုးလေဝသ သတင်းထူးရှိလာတဲ့အခါ မုံရွာမှာလည်း ထွက်တဲ့အချိန်ကျရင်တော့ မိုးတွေလေတွေကျနေရင် မထွက်ရဘူး။ လမ်းခရီးမှာလည်း ဘယ်မြို့ပဲရောက်ရောက် ဘယ်နားမှာပဲ ရောက်ရောက် သတိထားစွာ မောင်းနှင်ဖို့ ရောက်တဲ့ နရာမှာ ရေယာဉ်ကို ခိုင်ခံ့စွာ ချည်နှောင်ပြီး ခရီးသည် လုံခြုံမှုကို ဦးစားပေး လုပ်ဆောင်ဖို့ မှာကြားထားတယ်” ဟု ဦးသောင်းညွန့်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ‘မိုရာ’ သည် မြန်မာနိုင်ငံအနီးမှ ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပြီး မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အစရှိသည့် ဒေသများတွင် မိုးကြီးကာ မြေပြိုမည့် အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။