News

POST TYPE

NEWS

နန်းယွန်းမြို့နယ် မူလတန်း ကျောင်းသားများအတွက် ဗလာစာအုပ်များ မရောက်သေး
28-May-2017 tagged as ကျောင်းသား

(ပုံစာ - နန်းယွန်းမြို့နယ် အတွင်းရှိ စာသင်းကျောင်းတစ်ခုတွင် ကျောင်းလာအပ်ကြသည်ကို မြင်တွေ့ရစဉ်)


ကလေး၊ မေ ၂၈

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် မူလတန်း ကျောင်းသားများအတွက် အစိုးရက အခမဲ့ ထောက်ပံ့သည့် ဗလာစာအုပ်များ ရောက်ရှိလာခြင်း မရှိသေးကြောင်း နန်းယွန်းမြို့နယ် ပညာရေမှူးရုံးထံမှ သိရှိရသည်။

နန်းယွန်းမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်တစ်ခု ဖြစ်သည်။

ယခုပညာသင်နှစ်အတွက် ပြဌာန်းစာအုပ်ကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဧပြီလက စတင်သယ်ယူထားခဲ့ရာ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ကျောင်းဝတ်စုံများ ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းမြို့နယ်ပညာရေမှူးက “သယ်ယူရတဲ့ လမ်းကြောင်းကဝေးတော့ မုံရွာကနေ သယ်ရတာ သိပ်အဆင်မပြေဘူးလား မသိဘူး။ ကုမ္ပဏီကနေ ပို့တာမရောက်သေးဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အရင်နှစ်က ပို့ထားတဲ့ ဗလာစာအုပ်တွေ ရှိတော့ လောလောဆယ် အဲဒါတွေ ပေးထားတယ်” ဟု ပြောကြားသည်။

ဇွန်လ ၁ ရက် ကျောင်းစတက်မည့်နေ့ ရောက်သည်အချိန်အထိ စာအုပ်များ မရောက်လာပါက အပြင်တွင် ဝယ်ရန်မှာလည်း စာအုပ်ရောင်းသည့်ဆိုင် မရှိသဖြင့် ကျောင်းသားမိဘများ အနေဖြင့် စိတ်ပူနေကြကြောင်း ကျောင်းသားမိဘ ဦးလော်တိုးက ပြောကြားသည်။

ယင်းကဲ့သို့သော ဖြစ်စဉ်သည် နန်းယွန်းမြို့နယ်တွင် နှစ်စဉ်ကြုံတွေ့ရသည့် အခက်အခဲတစ်ခု ဖြစ်ကြောင်း ဦးလော်တိုးက ပြောကြားသည်။

ဓာတ်ပုံ - Maitai Khaulaw
R - 20