News

POST TYPE

NEWS

ရခိုင်ပြည်နယ်သို့ ပို့မည့် ကျွန်းတံခါးများ ငဖဲမြို့နယ်တွင် ဖမ်းမိ
19-May-2017 tagged as ကျွန်းသစ်

မကွေး၊ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာအနီး မင်းဘူး-အမ်း ကားလမ်းမ ၃၂ မိုင် ၄ ဖာလုံရှိ စာတတ်ကူ စစ်ဆေးရေးဂိတ်တွင် ရခိုင်ပြည်နယ်သို့ တင်ပို့မည့် ကျွန်းတံခါးများကို တင်ဆောင်လာသည့် ခြောက်ဘီးယာဉ်တစ်စီးကို မေလ ၁၇ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့နယ် သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါယာဉ်သည်  ရန်ကုန်မြို့ အရောင်းဆိုင်တစ်ခုမှ ရခိုင်ပြည်နယ်ဘက်သို့ သွားရောက်ပို့ဆောင်မည့် ပစ္စည်းများဖြစ်ပြီး ယင်းစစ်ဆေးရေးဂိတ် အရောက်တွင် သစ်တောဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကားကို အုပ်မိုးထားသည့် မိုးကာကိုဖွင့်၍ စစ်ဆေးခဲ့ရာမှ ကျွန်းတံခါးရွက် ၇၃ ချပ်ကို ကတ္တူပုံးများ၊ သွပ်ချပ်များ၊ ရေသန့်ဘူးများနှင့် ကွယ်ဝှက်တင်ဆောင်လာကြောင်း အဆိုပါဌာန ဦးစီးမှူး ဦးအောင်မင်းသူက ပြောကြားသည်။

“ဖမ်းဆီးရမိတဲ့ ကျွန်းတံခါးချပ်တွေအတွက် လုံလောက်တဲ့ အထောက်အထားတွေ မပြနိုင်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။ 

ယင်းသို့ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျွန်းတံခါးချပ်များ သယ်ဆောင်လာသူ  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အပါအဝင် ယာဉ်ပိုင်ရှင်နှင့် သစ်အရောင်းကိုယ်စားလှယ် စုစုပေါင်း လေးဦးကို ငဖဲမြို့မ ရဲစခန်းက (ပ) ၇၃/၂၀၁၇ အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ 

ဓာတ်ပုံ - ငဖဲမြို့နယ် သစ်တောဦးစီးဌာန