News

POST TYPE

NEWS

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေသူ့ကို ပစ်မှတ်ထား စောင့်ကြည့်နေဟု ကော်စတာ စွပ်စွဲ
17-Aug-2016
ဝက်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့ နောက်မှာတော့ ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ်မှူး ကော်စတာက ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးတွေက သူ့ကို ပစ်မှတ်ထား နေကြတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အဲဒီပွဲစဉ်မှာ အဝါကတ် တစ်ကြိမ် ပြသခံရပြီး ဒုတိယ အဝါကတ်နဲ့လည်း အလွန် နီးစပ်ခဲ့ရတဲ့ ကော်စတာဟာ အသင်းအတွက် နောက်ဆုံး လက်ကျန် မိနစ် အနည်းငယ်မှာ အနိုင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့သူပါ။

“ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိတဲ့အတွက် ကျွန်တော် ပျော်ရွှင်ရတာ မှန်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေရဲ့ ပစ်မှတ်အဖြစ် ရောက်နေတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ခံစားနေရပါတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် သူတို့က စောင့်ကြည့်နေကြပုံပါပဲ”လို့ ကော်စတာက ပြောပါတယ်။

ချယ်လ်ဆီးကို ရောက်လာခါစ ဘောလုံး ရာသီတုန်းက အသင်းအတွက် ၂၁ ဂိုးသွင်းပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ကူညီပေးနိုင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ သူ့ရဲ့ တစ်ကျော့ပြန် ခြေစွမ်းကို ပြန်လည် ရရှိဖို့ကိုလည်း မျှော်လင့်နေပါတယ်။
Ref:Goal.com


  • VIA