News

POST TYPE

NEWS

မိခင်များနေ့မှာ ချီကာဂိုထောင်ဝန်ထမ်း ၂၀ဝ ခန့် တစ်ပြိုင်နက် ခွင့်ယူကြလို့ အခက်ကြုံ
15-May-2017 tagged as ဝန်ထမ်း

မိခင်တွေကို ဂုဏ်ပြုချီးမွှမ်းတဲ့နေ့မှာ မိခင်တွေနဲ့ အတူနေချင်ကြတဲ့ သားသမီးတွေထဲ ထောင်ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျရောက်ခဲ့တဲ့ မိခင်များနေ့မှာ ဂျူတီမဆင်းနိုင်ဘူးဆိုပြီး ခွင့်တိုင်လာသူ အများကြီး ရှိခဲ့တယ်လို့ ဌာနက ထုတ်ပြန်ထားပါတယ်။

“ခုလို အများကြီး ခွင့်ယူကြတဲ့အတွက် အလုပ် လာဆင်းကြသူတွေမှာ ဖိအားတွေ ဝင်ကြရပါတယ်”လို့ ဌာနထုတ်ပြန်ချက်က ဆိုပါတယ်။

တနင်္ဂနွေနေ့လည်းဖြစ်၊ ရာသီဥတုကလည်း သာယာ၊ မိခင်များနေ့လည်း ဖြစ်တာကြောင့် ခုလို ထောင်ဝန်ထမ်းတွေ ရုံးမတက်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မေဝဲသာနဲ့ ပက်ကွီအိုတို့ ထိုးသတ်ကြတဲ့ ပွဲနေ့မှာလည်း ထောင်ဝန်ထမ်း ၆၄၀ ခန့် ခွင့်ယူခဲ့ဖူးပါသတဲ့။ ဝန်ထမ်းနည်းတာကြောင့် ထောင်ထဲမှာ ထောင်သားတွေကို အဆောင် ပိတ်ထားခဲ့ရပါသတဲ့။
 
F-02