News

POST TYPE

NEWS

သပိတ်ကျင်းမြို့နယ်ရှိ နေ့စားလပေး ဆရာ၊ ဆရာမများကို သင်တန်းပေး
24-Apr-2017

သပိတ်ကျင်း၊ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်ပိုင်းက နေ့စားလပေး ဆရာ၊ ဆရာမများကို မြို့နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဦးခင်မောင်သောင်းက ပြောကြားသည်။

မြို့နယ်ရှိ နေ့စားလပေး ဆရာ၊ ဆရာမ ၁၁၈ ဦးကို ပညာရေးကောလိပ်မှ သင်တန်း ဆင်းလာသော နည်းပြ ဆရာ၊ ဆရာမ ၁၃ ဦးက အခြေပြု မူလတန်း ဘာသာရပ်များ အားလုံးကို ပြန်လည် သင်ကြားပို့ချပေးလျက်ရှိသည်။

“ဒီသင်တန်းကာလက တစ်လဖြစ်ပြီးတော့ အခု သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေက နေ့စားလပေး ဆရာ၊ ဆရာမတွေပဲ သက်သက် သင်ကြားပြသပေးတာပါ။ ဒီသင်တန်းဆင်းလက်မှတ် ရသွားပြီဆိုမှ နောက်နှစ်မှာ တရားဝင် ခန့်အပ်ပေးမှာပါ”ဟု တောင်လယ်ကျေးရွာ အလက (ခွဲ) ကျောင်းအုပ်ဆရာ ဦးချမ်းသာက ပြောကြားသည်။ 
အခြေပြု မူလတန်းကျောင်းသင် ဘာသာရပ်များတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှှုရေး၊ အထွေထွေသိပ္ပံ စသည့် ဘာသာရပ်များကို သင်ပြနည်းနှင့်တကွ တစ်ဆင့်ပြန်လည် သင်ကြားပေးလျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရှိရသည်။

R-05


  • VIA