News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည် ဥရောပလေးနိုင်ငံ သွားမည်

ရန်ကုန်၊ ဧပြီ ၁၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧပြီလကုန်၌ ဥရောပ လေးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

ဥရောပနိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ဥရောပခရီးစဉ် ပြီးဆုံးပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် မေလအတွင်း ပြုလုပ်မည့် One Belt and One Road (OBOR) Forum ထိပ်သီး အစည်းအဝေး တက်ရောက် မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ် တာဝန်ယူပြီးနောက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ၌ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဘယ်လ်ဂျီယံ၊  အီတလီနှင့် ပြင်သစ်နိုင်ငံများသို့ ပထမဦးဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည် ဖြစ်သည်။

တရုတ်နိုင်ငံသို့ သွားရောက်မည့် ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ဒုတိယ အကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်ဖြစ်သည်။

အလားတူ ၂၀၁၆ ဩဂုတ်လ အတွင်း၌ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်လည်း တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။

J-08