News

POST TYPE

NEWS

နှစ်ကြိမ်မြောက်ဖွင့်မည့် ကျပ် ၅၀ဝ တန်ထီ အက္ခရာအပူး လေးခု မထုတ်
04-Apr-2017

ရန်ကုန်၊ ဧပြီ ၎

နှစ်ကြိမ်မြောက် ဖွင့်လှစ်မည့် ကျပ် ၅၀ဝ တန်ထီတွင် အက္ခရာ အပူးလေးခု (ကက၊ ကခ၊ ကဂ၊ ကဃ) ကို မထုတ်ဘဲ “ကင”မှစ၍ အခြားအက္ခရာ အပူးများကို အစဉ်လိုက် ထုတ်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

“အရင်အကြိမ်က ထုတ်ခဲ့တဲ့ အက္ခရာ အပူးတွေဖြစ်တဲ့ ကက၊ ကခ၊ ကဂ နဲ့ ကဃ မထုတ်ဘူး။ သူ့နောက်ကစပြီး “ကင”အက္ခရာ ပြန်ထုတ်ပြီး ရောင်းချမှာပါ။ အက္ခရာအပူး ထပ်မပါတာက လေးလုံး ဖြစ်ပါတယ်”ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောကြားသည်။

ဆုကြေးငွေ ကျပ်သိန်းတစ်သောင်းအထိ ရရှိမည့် ကျပ် ၅၀ဝ တန်ထီကို မတ်လ ၁ ရက်နေ့တွင် စတင်ရောင်းချခဲ့ရာ ပထမအကြိမ်မြောက် ထီဖွင့်ပွဲတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဦစံရွှေခိုင်က ကျပ်သိန်း တစ်သောင်းဆုကို ဆွတ်ခူး ရရှိသွားသည်။

J-13

  • VIA