News

POST TYPE

NEWS

ဗြိတိန်မှာ အဘိုးအိုရဲ့ ကားအဝါအတွက်တုံ့ပြန်ကြပုံ
03-Apr-2017 tagged as ဗြိတိန်

အင်္ဂလန်က ၁၄ ရာစုနှစ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုနားမှာ အသက် ၈၄ နှစ်အရွယ် အဘိုးရဲ့ ကားတစ်စီးက အမြဲ ရပ်ထားခဲ့ပါတယ်။ အဝါရောင် ကားဟောင်း ဖြစ်တာကြောင့် ရုပ်ဆိုးတယ်ဆိုပြီး အမြဲကဲ့ရဲ့ ခံရတဲ့ကားလည်း ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေက ဓာတ်ပုံ ရိုက်ကြရင်းနဲ့ ကားက ပုံထဲပါနေရင် ရှုခင်းကို အလှဖျက်သလို ဖြစ်နေတယ်ဆိုသကိုး။ ဒါကြောင့် ဘယ်ကမှန်း မသိတဲ့ လူတစ်စုက ကားပေါ်မှာ MOVE လို့ ခြစ်ပြီးတော့ နေရာ ရွှေ့သွားဆိုပြီး ရေးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို မလိုလားတဲ့ ဘီဘူရီဒေသက အဝါရောင်ကားပိုင်ရှင် စုစုပေါင်း တစ်ရာဟာ အဝါရောင်ကားတွေကို စီးနင်း မောင်းနှင်ပြီး အဘိုးနဲ့ တစ်သားတည်းရှိကြောင်း ပြခဲ့ကြပါတယ်။ ပီတာမက်ဒေါက်စ်ရဲ့ ကားကြီးဟာ အလှဖျက်နေတယ်လို့ မြင်သူတွေကလည်း ရှိနေတာ ဖြစ်ပါတယ်။ အဝါရောင်ကားတွေကို နှိမ်တယ်လို့ ယူဆတဲ့ ကိုဗင်ထရီရဲ့သား မက်တီဘီးက ဦးဆောင်ပြီး အဝါရောင်ကားပေါင်းစုံ စီတန်း လှည့်လည်ပြခဲ့တာ ဖြစ်ပါတယ်။ ဗင်ကားတွေ၊ ဈေးကြီးပြိုင်ကားတွေ၊ ရှေးဟောင်းကားတွေ အစရှိသဖြင့် အဝါရောင်ကားမျိုးစုံ ပါဝင်ပြီး အဝါရောင် ဆင်နွှဲခြင်းလို့ သူတို့က နာမည်ပေးထားပါတယ်။

F-02