News

POST TYPE

NEWS

တာချီလိတ်တွင် လေပြင်းတိုက်၍ ပညာရေးဝန်ထမ်း လိုင်းခန်းအချို့ပျက်စီး
28-Mar-2017
ကျိုင်းတုံ၊ မတ် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ နမ့်ကိုင်းရွာတွင်၊ ယနေ့ (မတ် ၂၈ ရက်) နံနက် ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပညာရေးဝန်ထမ်း လိုင်းခန်းအချို့ ပျက်စီးခဲ့ကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ နံနက် ၄ နာရီခန့်က နမ့်ကိုင်းကျေးရွာအတွင်း တစ်နာရီခန့်ကြာ မိုးသက်လေးပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ အလယ်တန်းကျောင်းခွဲ အတွင်းရှိ ခြောက်ခန်းတွဲ ပညာရေးဝန်ထမ်း နေအိမ်လိုင်းခန်းရှိ အမိုးသွပ်အချပ်၂၀ ခန့်၊ ဒိုင်း၊ မြှားများ ကျိုးပဲ့ပျက်စီးသွားပြီး တိုင်များ ရွဲ့စောင်းသွားခဲ့ကြောင်း တာချီလိတ်ခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဦးဘမိုးမြင့်က ပြောကြားသည်။
“လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ ရှိပေမဲ့ လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်က ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအနီးတွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ မိုးသီးများ ကျခဲ့သည်။

R-16
ဓာတ်ပုံ - SPTH