News

POST TYPE

NEWS

ပညာရှင်အဆင့် ၄ ရာထူးတိုး စာမေးပွဲဆရာ၊ ဆရာမ ၆၀ ကျော် ဖြေဆို
28-Mar-2017
ကျိုင်းတုံ၊ မတ် ၂၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (မတ်၂၈ရက်) နံနက် ၉ နာရီက ပညာရှင်အဆင့် ၄ ရာထူးတိုး စာမေးပွဲ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမ ၆၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အလယ်တန်းကျောင်းအုပ်ရာထူး အပါအဝင် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဦးစီးအရာရှိရာထူးများ ဖြစ်သည့် ပညာရှင်အဆင့် ၄ ရာထူး တိုးမြှင့်ခန့်အပ်ရန်အတွက် လျှောက်လွှာများ ခေါ်ယူခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုမှ အထက်တန်းပြဆရာ၊ ဆရာမ ၆၅ ဦး၊ လက်ထောက်မြို့နယ်မှူး ကိုးဦးနှင့် ဒုဦးစီးမှူးတစ်ဦးတို့ လျှောက်ထားခဲ့ကြောင်း ယင်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဆေ ွ(ပညာ) က ပြောကြားသည်။

ကျိုင်းတုံမြို့နယ် အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ ခုတွင် အထက်တန်းကျောင်း ၃၃ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၂ ကျောင်းနှင့် မူလတန်းကျောင်း ၇၃၈ ကျောင်းရှိရာ စုစုပေါင်း ၈၂၁ ကျောင်း ရှိသည်။

R-16
ဓာတ်ပုံ-ရန်နိုင်