News

POST TYPE

NEWS

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဟားခါးတွင် ကျင်းပ
28-Mar-2017
ကလေး၊ မတ် ၂၈

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ (မတ်လ ၂၈ ရက်) နံနက်က စတင်ကျင်းပလျက်ရှိကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရသည်။

အဆိုပါ ဖိုရမ်ကို မတ်လ ၂၈ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယင်းဖိုရမ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟူ၍ ကဏ္ဍသုံးခုခွဲကာ ဆွေးနွေးမည် ဖြစ်သည်။

ဓာတ်ပုံ - Chin State Development Forum
R-20