News

POST TYPE

NEWS

၂၀၁၉ ခုနှစ် အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (က) မြန်မာနှင့် အိန္ဒိယ နည်းပြများ၏ ပွဲကြိုပြောစကား
28-Mar-2017
၂၀၁၉ ခုနှစ် အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များ၏ အုပ်စု (က) အဖွင့်ပွဲစဉ်အဖြစ် သုဝဏ္ဏကွင်း၌ မတ်လ ၂၈ ရက် ညနေ ခြောက်နာရီအချိန်တွင် မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ယင်းပွဲစဉ်နှင့် ပတ်သက်၍ နည်းပြများနှင့် အသင်းခေါင်းဆောင်များ၏ ပြောကားချက်များကို ဖော်ပြလိုက်ပါသည်။

ဂတ်ဆီဇီ (မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်) 
အိန္ဒိယအသင်းက စာရွက်ပေါ်မှာ ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း သူတို့ကို အနိုင်ရဖို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲကိုလည်း ကြည့်ခဲ့ရပါတယ်။ အိန္ဒိယအသင်းက တည်ကန်ဘောတွေ ကစားတာ ကောင်းပေမယ့် သူတို့ကို တားဆီးဖို့ နည်းလည်းရှိပါတယ်။ အရေးကြီးတာက အာရုံစူးစိုက်ပြီး ကစားဖို့ လိုပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားမှာပါ။ 


ရန်အောင်ကျော် (မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်)

ကျွန်တော်တို့ ကိုယ့်မြေမှာ အိန္ဒိယ အသင်းကို မရှုံးဖူးသေးဘူး။ ကျွန်တော်တို့ အသင်းလိုက် ကစားပုံကလည်း အားရကျေနပ်စရာ ကောင်းတယ်။ ကျွန်တော်တို့အသင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခြေစစ်ပွဲကို အောင်မြင်အောင် ကစားပြီး ယူအေအီးကို ရောက်အောင်သွားမှာပါ။


စတီဖင် ကွန်စတန်တင် (အိန္ဒိယလက်ရွေးစင်အသင်း နည်းပြချုပ်)

မြန်မာအသင်းဟာ ပြင်းပြင်းထန်ထန် ကစားတတ်ပြီး အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲမယ့် ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမယ် ဆိုတာကို မျှော်လင့်ပြီးသားပါ။ မြန်မာအသင်းနဲ့ပွဲဟာ အရမ်းအရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ 




ဆူနေးချတ်ထရီ (အိန္ဒိယလက်ရွေးစင်အသင်း ခေါင်းဆောင်)

ကျွန်တော်တို့ ဒီပွဲကို အဝေးကွင်း ဖြစ်ပေမယ့် အနိုင်ရအောင် ကစားမှာပါ။ မြန်မာကစားပုံကိုလည်း လေ့လာထားပါတယ်။ ဒီပွဲကိုလည်း ရလဒ်ကောင်းရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။