POST TYPE
NEWS
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ကူညီမည်ဟု တပ်ချုပ် ပြောကြား
28-Mar-2017
ရန်ကုန်၊ မတ် ၂၇

ထို့ပြင် ယခင်အစိုးရ၏ ပထမသက်တမ်း ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားရေးရာ၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
“နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ တပ်မတော်က ဆက်လက်ပြီး အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးရမှာ ဖြစ်တယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ ထာရ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ဖြင့် ရပ်တည်သွားမည် ဖြစ်ကြောင်း တပ်ချုပ်က ပြောကြားသည်။
“တပ်မတော်အနေနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ ချမှတ်ထားတဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုမှာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
J-07
- VIA
- Voice Admin
- SOURCES
- The Voice
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021
-
22-Jan-2021