News

POST TYPE

NEWS

မြန်မာ့သီးနှံများ အိန္ဒိယ အများဆုံး ဝယ်ယူ
21-Mar-2017 tagged as မြန်မာ အိန္ဒိယ

ကလေး၊ မတ် ၂၁

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်အတွင်း နေထိုင်သူများ၏ သီးနှံစားပွဲတော် နီးလာသည့်အတွက် မြန်မာထွက်သီးနှံများကို နယ်စပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေရကြောင်း တမူးမြို့ရှိ သစ်သီးကုန်သည်များ၏ အဆိုအရ သိရသည်။

စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မဏိပူရ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်တွင် ဧပြီလ ပထမပတ်အတွင်း နှစ်စဉ် သီးနှံစားပွဲတော် ကျင်းပပြုလုပ်ကြောင်း ယင်းပွဲတော်တွင် အသုံးပြုရန်အတွက် အဓိကသီးနှံ ဖြစ်သည့် မျောက်ငိုသီး ဖရဲသီးနှင့် ပန်းသီးများကို အများဆုံး တင်ပို့နေရကြောင်း ကုန်သည် ဦးအောင်မျိုးက ပြောကြားသည်။ 

အိန္ဒိယနိုင်ငံမှ အများဆုံး ဝယ်ယူသည့် မျောက်ငိုသီးသည် ချင်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်း အတွင်းရှိ ကလေး၊ တမူး၊ မော်လိုက်၊ ကလေးဝ၊ ဟုမ္မလင်းနှင့် ဖောင်းပြင် စသည့်မြို့များမှ အများဆုံး တင်ပို့ရခြင်း ဖြစ်ကြောင်း နန်းဖာလုံဈေးရှိ မျောက်ငိုသီးကုန်သည်များထံမှ သိရသည်။

R-20