News

POST TYPE

NEWS

လူနည်းစုအပေါ် ရဲများ၏ ကြမ်းတမ်းစွာ ဆက်ဆံမှုကို ပဲရစ်တွင် လူအုပ်ကြီးက ကန့်ကွက်ဆန္ဒပြ
21-Mar-2017 tagged as ပြင်သစ်

ပဲရစ်၊ မတ် ၂၀

ရဲများ၏ ရက်စက်ကြမ်းကြုတ်စွာ ကိုင်တွယ်ပြုမူပုံများနှင့် ပတ်သက်ပြီး မကျေနပ်သဖြင့် ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်တွင် ထောင်ပေါင်းများစွာသော လူအုပ်ကြီးက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကာ အဆိုပါ ဆန္ဒပြပွဲကိုပင် ပြင်သစ်ရဲက မျက်ရည်ယိုဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Aljazeera သတင်းတစ်ပုဒ်က ဖော်ပြထားသည်။

“တရားမျှတမှု မရှိလျှင်၊ ငြိမ်းချမ်းရေးလည်း မရှိ” ဟု ဆန္ဒပြသူများက ဟစ်ကြွေးကန့်ကွက်ခဲ့ကြသည်။

လူမည်းများ၊ မျိုးနွယ်စု လူနည်းစုများအပေါ်တွင် ရဲက မလျော်ကန်သော အင်ကြီးအားကြီးသုံးကာ အရေးယူတိုက်ခိုက်မှုများ ပြုခြင်းအပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲ ဖြစ်သည်။

သီယိုဟု အမည်ရသော အသက် ၂၂ နှစ်အရွယ် လူမည်းလူငယ်တစ်ဦးကို ပဲရစ်မြို့ ဆင်ခြေဖုံးဒေသတွင် ရဲများက တားဆီးကာ ရဲတစ်ဦးက ရဲကိုင်သော နံပါတ်တုတ်ဖြင့် အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ခဲ့ရာမှ ယင်းသို့ လူထု၏ မကျေနပ်ချက်များ မြင့် တက်လာခြင်း ဖြစ်သည်။

အဆိုပါ လူငယ်လည်း သီတင်းပတ် ၂ ပတ်ခန့် ဆေးရုံတက်လိုက်ရကာ ရဲအရာရှိတစ်ဦးလည်း မုဒိမ်းမှုဖြင့် အရေးယူခံထားရသည်။

အခြားရဲအရာရှိ သုံးဦးကိုလည်း ရက စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

နံပါတ်တုတ်ဖြင့် ထိုးသွင်း အဓမ္မပြုကျင့်ခြင်းသည် မတော်တဆမှု ဖြစ်ပါကြောင်း၊ တမင်တကာ မှားယွင်းပြုမူခြင်း မဟုတ်ပါကြောင်း ရဲအရာရှိ၏ ရှေ့နေ ဖြစ်သူက ပြောကြားခဲ့သည်။ 

ထိုအမှုဖြစ်ခဲ့ပြီး ကတည်းက သီယိုသည် ရဲများဒဏ်ကို ခံနေရသော လူနည်းစုများ၏ အမှတ်သညာဖြစ်ခဲ့ပြီး အဓိကရုဏ်းအဆင့် အထိသို့ ရောက်ရှိခဲ့သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

“ရဲကြောင့်သေသူတွေ အများကြီး ရှိနေပါပြီ။ ဒါကို ရပ်တန့်ရပါမယ်” ဟု နှိပ်စက် ညှဉ်းပန်းခံလိုက်ရသူ တစ်ဦး၏ မိခင်ဖြစ်သူတစ်ဦးက ပြောကြားသည်။     

F-02