News

POST TYPE

NEWS

အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ကားလမ်းပြန်ဖွင့်
20-Mar-2017 tagged as တမူး

ကလေး၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့အကြား နှစ်နိုင်ငံ ဆက်သွယ်သည့် ငါးလကြာ ပိတ်ထားသော နယ်စပ်ကုန်သွယ်ရေး ကားလမ်းပြန်ဖွင့်သည့်အတွက် နန်းဖာလုံဈေး အရောင်းအဝယ် ပြန်လည်မြင့်တက်ကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

မဏိပူရ်ပြည်နယ်အတွင်း မတ်လ ပထမပတ်အတွင်း ကျင်းပသည့် ရွေကောက်ပွဲပြီးနောက် နယ်စပ်ကုန်သွယ်ရေး ကားလမ်းကို မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အရင်က နယ်စပ်အနီးမှာပဲရှိတဲ့ မြို့တွေကိုပဲ ရောင်းချနေရတော့ အရောင်းအဝယ် အေးနေတာပေါ့။ အခုကျတော့ ဟိုးအတွင်းထဲမှာရှိတဲ့ မြို့တွေအထိ တင်ပို့ရတော့မှာ ဆိုတော့ အရောင်းအဝယ် ပြန်တက်လာတာပေါ့” ဟု နန်းဖာလုံဈေးမှ ကုန်သည်တစ်ဦးဖြစ်သည့် ဦးကျော်ဆန်းလင်းက ပြောဆိုသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်း ပိတ်ထားမှု ကြာမြင့်ခဲ့သည့်အတွက် ပစ္စည်းများ ရှားသွားပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးအသင်း အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောကြားသည်။

R-20