News

POST TYPE

NEWS

ပါကစ္စတန်နိုင်ငံ အစိုးရဆေးရုံတွင် အသေခံဗုံးခွဲမှုကြောင့် လူ ၇၀ ဦး သေဆုံး
09-Aug-2016
ပါကစ္စတန်နိုင်ငံ ကွီတာမြို့ အနောက်တောင်းပိုင်းရှိ ဆေးရုံ၌ သြဂုတ် ၈ ရက် (တနင်္လာနေ့) က သေဆုံးသွားသူတစ်ဦးအတွက် စုဝေးရောက်ရှိလာသည့် လူအုပ်ထဲသို့ အသေခံ ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၇၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို အစ္စလာ်မစ်နိုင်ငံတော်မှ လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဗုံးဖောက်ခွဲသူသည် သြဂုတ် ၈ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် နာမည်ကြီး ရှေ့နေ ဖာရီဒူလာ၏ ရုပ်အလောင်းကို ကြည့်ရန် အရေးပေါ်အခန်းဌာနတွင် စုဝေးရောက်ရှိနေသော သတင်းထောက်များနှင့် ရှေ့နေ့များကြားထဲတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်သော နေရာတွင် အနည်းဆုံး လူ ၇၀ ဦး သေဆုံး၊ ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရပိုင် ဆေးရုံ၏ အကြီးတန်းအရာရှိ အဒူရီမန် မိန်းခဲလ်က ဆိုသည်။

“ဒဏ်ရာရသူတွေကတော့ အများကြီးပဲ။ သေဆုံးသူဦးရေ မြင့်တင်လာနိုင်တယ်” ဟု ခရိုင်ကျန်းမာရေး ဝန်ကြီး ရီမတ်ဆဲ(လ်) ဘလော့(ရှ်) က ဆိုသည်။

“အစ္စလာ်မစ်နိုင်ငံတော်ရဲ့ သူရဲကောင်းဟာ ကွီတာမြို့ရှိ ပါကစ္စတန်နိုင်ငံ တရားရေးဌာနမှ ဝန်ထမ်းများနှင့် ရဲများကြားတွင် ဗုံးကို ဖောက်ခွဲခဲ့နိုင်သည်” ဟု အမစ်သတင်းအင်ဂျင်စီက ဆိုသည်။

“တီးရိ-အီး-တာလီဗန် ပါကစ္စတန် ဂျန်မတ်-မာ-ဟာအာအုပ်စုမှ ဗုံးဖောက်ခွဲခဲ့တာပါ။ ပြီးတော့ နောက်ထပ်လည်း အဲ့လိုမျိုး ဖောက်ခွဲမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမှာပါ” ဟု အစ္စလာ်မစ်ပါကစ္စတန် တာဘီဘန်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ အီ(ရှ်)ဆန်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဂျန်မတ်အုပ်စုအား အမေရိကန်မှ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

Source: Reuter