POST TYPE

NEWS

KBZ ဘဏ်က စွန့်ဦးတီထွင်ထူးချွန်ဆုများ ရွေးချယ်ပေးအပ်
25-Feb-2017 tagged as KBZ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

KBZ မှ ကူညီပံ့ပိုးမှုဖြင့် ရန်ကုန်မြို့၏ စတုတ္ထအကြိမ်မြောက် စွန့်ဦးတီထွင် ထူးချွန်ဆုများ ရွေးချယ်ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၂၅ ရက် ညနေ ၆ နာရီခွဲက Chatriym Hotel Royal Lake Yangon တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း MYANMORE DINING & NIGHTLIFE AWARD 2017 စွန့်ဦးတီထွင်သူများ ရွေးချယ်ပေးအပ်ပွဲသို့ အစားအစာနှင့် ဖျော်ရည်လုပ်ငန်းနှင့် အပန်းဖြေ ဖျော်ဖြေရေး နယ်ပယ် အသီးသီးမှ နာမည်ကျော် လေးစားအသိအမှတ်ပြုခံထားရသူများ တက်ရောက်ခဲ့ပြီး အကောင်းဆုံး Dining နှင့် Nightlife စားသောက်ဆိုင်နေရာ ပိုင်ဆိုင်သူ စုစုပေါင်း ၄၇ ဦးကို ဆုများ ရွေးချယ်ပေးအပ်ခဲ့ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။ 

“ကျွန်တော်တို့ တကယ်ကိုပဲ မြန်မာနိုင်ငံမှာ MYANMORE'S KBZ Entrepreneur of the Year Award စွန့်ဦးတီထွင် ထူးချွန်ဆုကို စံတစ်ခုအနေနဲ့ ဆက်လက်ထားရှိဖို့၊ အသိအမှတ်ပြု လက်ခံသွားဖို့ မြင်တွေ့လိုပါတယ်၊ ဒီနှစ်မှာဆိုရင် ဆုအသစ်တွေလည်း ထပ်မံ ချီးမြှင့်ထားပါတယ်”ဟု KBZ ဘဏ်မှ ဦးဇော်လင်းအောင်က ပြောကြားသည်။

အဆိုပါ ဆုချီးမြှင့်ပွဲကို စီစဉ်ပေးရခြင်းမှာ ခိုင်မာသော ဆုံးဖြတ်ချက်၊ မလျှော့သော ဇွဲလုံ့လတို့ဖြင့် စွန့်ဦးတီထွင်သူများ ပေါ်ပေါက်လာစေရေးနှင့် မြန်မာနိုင်ငံ စီးပွားရေး အောင်မြင်လာစေရန် အခြေခံ အုတ်မြစ်တစ်ခုအဖြစ် KBZ ဘဏ်မှ စွန့်ဦးတီထွင်သူများအပေါ် ကူညီပံ့ပိုးခြင်းဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား စီးပွားရေး လုပ်ငန်းများသည် အဓိကနေရာမှ ပါဝင်နေသည်ကို သဘောပေါက်ခဲ့သဖြင့် လွန်ခဲ့သောသုံးနှစ်ခန့်မှ စတင်ပြီး ကူညီပံ့ပိုး ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ 

ဆုရွေးချယ်ခြင်းကို စားသုံးသူများနှင့် Local F&B နယ်ပယ် အသီးသီးမှ လေးစားသူများက ပါဝင်ရွေးချယ်ပေးခြင်းဖြစ်ပြီး စားသောက်ဆိုင်တစ်ခု၏ အစားအသောက် ပြင်ဆင်မှု၊ ဝန်ဆောင်ပေးမှု၊ စားသောက်သူများ၏ သဘောကျ နှစ်သက်မှုတို့အပြင် မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောကြားသည်။ 

J-16