POST TYPE
NEWS
မြို့ပတ်ရထား လပေးလက်မှတ်ဖြင့် စီးနင်းသူ မြင့်တက်
17-Feb-2017
tagged as

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
YBS အများပိုင်ယာဉ်လိုင်း စတင် ပြေးဆွဲသည့်နောက်ပိုင်း မြို့ပတ်ရထား စီးနင်းသူ မြင့်တက်လာသည့်အပြင် လပေး လက်မှတ်ဖြင့် ဝယ်ယူစီးနင်းသူ မြင့်တက်လာကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
လပေးလက်မှတ် ဝယ်ယူစီးနင်းသည့် အရေအတွက်သည် ၂၀၁၆ ခုနှစ်က သုံးထောင်မှ ငါးထောင်ဦးခန့်ရှိပြီး ဖေဖော်ဝါရီလတွင်မူ ရှစ်ထောင်ကျော်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
“YBS ယာဉ်လိုင်းပြေးဆွဲတဲ့ ဇန်နဝါရီလလယ်လောက်ကစပြီး မြို့ပတ် ရထားစီးနင်းသူဦးရေ တစ်သောင်းခွဲကျော် မြင့်တက်လာတယ်။ ရထားစီးနင်းသူ မြင့်တက်လာတဲ့အတွက် လပေးကလည်း ပုံမှန်ထက် ဈေးတစ်ဝက်လောက် သက်သာလို့ လပေးစီးတဲ့သူ များလာတာပါ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြို့ပတ်ရထား လက်မှတ်ခဈေးနှုန်းသည် ခရီးစဉ်အစမှ ၁၅ မိုင်အထိ ကျပ် ၁၀ဝ၊ ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ၂၀ဝ ကျပ်၊ လပေးလက်မှတ်ခမှာ ခရီးစဉ်အစမှ ၁၅ မိုင်အထိ ၃၃၅၀ ကျပ်၊ ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ၆၇၀ဝ ကျပ် သတ်မှတ်ထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
“ရထားနဲ့ အလုပ်ကို အုတ်ကျင်းကနေ ဘူတာကြီးထိ နေ့တိုင်း စီးပါတယ်။ ပထမစစီးတုန်းက တစ်ရက်ကို အသွားအပြန် နှစ်ရာ ပေးရတယ်။ လပေးနဲ့ကျတော့ တစ်လကို ၃၃၅၀ဆိုတော့ ဈေးကထက်ဝက်လောက် သက်သာလို့ လပေးပဲ ဝယ်စီးဖြစ်တာပါ”ဟု ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဒေါ်အိမွန်အောင်က ဆိုသည်။
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် မြို့ပတ်ရထား ၂၃ စီးရှိပြီး တစ်ရက်လျှင် အခေါက်ရေ ၂၁၅ ခေါက်ဖြင့် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
J-10
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
27-Apr-2018
-
22-Apr-2018