POST TYPE
NEWS
ရန်ကုန်၊
သြဂုတ် ၆
သာကေတမြို့နယ်၊
၁၀/ တောင်၊ ၁၄ ရပ်ကွက်၊ အကောက်ခွန် အိမ်ရာဝင်းရှိ လိုင်းခန်း တစ်ခုတွင် သြဂုတ်လ ၄ ရက်
မွန်းလွဲပိုင်းက ဂိမ်းမကစားရန် မိခင်က ဆူပူသောကြောင့် အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသား
တစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံး စီရင်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ
သိရှိရသည်။
“စာမကျက်ဘဲ
ဂိမ်းထိုင်ကစားနေလို့ မိခင်ဖြစ်သူက ဆူပူခဲ့တာပါ၊ အဆူခံရတဲ့ ကျောင်းသားက အိမ်အပေါ်ထပ်
တက်သွားပြီး ထုပ်တန်းမှာ ကြိုးဆွဲချ အဆုံး စီရင်ခဲ့ပြီးမှ မိခင်ဖြစ်သူက တွေ့ခဲ့တာလို့
သိရတယ်”ဟု သာကေတမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။
အဆိုပါ ကြိုးဆွဲချ
သေဆုံးခဲ့သော ဆယ်တန်းကျောင်းသားမှာ ၎င်းနေထိုင်သည့် လိုင်းခန်း အပေါ်ထပ်ရှိ အမြင့် ၈ ပေခန့်ရှိ
ထုပ်တန်းတွင် လေထီးခုန် ကြိုးဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံး စီရင်ခဲ့ပြီး ရုပ်အလောင်းကို
ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ်ကာ သေမှုသေခင်း အမှတ်စဉ် ၁၀/၁၆ ဖြင့် အမှုဖွင့်
စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
- SOURCES
- The Voice
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021