News

POST TYPE

NEWS

မြန်မာ-အိန္ဒိယ နယ်စပ်ကျေးရွာများ၌ တစ်ပတ်တစ်ရက် ရောင်းသည့် ဈေးများဖွင့်
09-Feb-2017

ကလေး၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်ရှိ ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် တစ်ပတ်လျှင် တစ်ရက် ရောင်းချသည့်ဈေးများ စတင်ဖွင့်လှစ်လိုက်ကြောင်း တမူးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးက ပြောကြားသည်။

သနန်ကျေးရွာ၊ မင်းသာကျေးရွာ၊ ဘုက္ကန်ကျေးရွာ၊ မြို့သစ်မြို့နယ်ခွဲနှင့် ကျွန်းတောရေရှင် ကျေးရွာတို့တွင် ယင်းဈေးများ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သနန်ကျေးရွာတွင် တနင်္လာနေ့၊ မင်းသာကျေးရွာတွင် အင်္ဂါနေ့၊ ဘုက္ကန်ကျေးရွာတွင် ဗုဒ္ဓဟူးနေ့၊ မြို့သစ်မြို့တွင် ကြာသပတေးနေ့၊ ကျွန်တောရေရှင် ကျေးရွာတွင် သောကြာနေ့ စသဖြင့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ အလှည့်ကျဖွင့်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အခုကစပြီးတော့ အရောင်းအဝယ်လုပ်လို့ ရအောင် တည်ထောင်ပေးတဲ့အတွက် အခွန်ကောက်တာတော့ မလုပ်သေးဘူး။ မြို့သစ်မြို့နယ်ဖက်ဆိုရင် တမူးနဲ့ဝေးတော့ အဲဒီကလူတွေ တမူးမှာ ဈေးလာဝယ်ကြတယ်ဆိုရင် သူတို့အတွက် အခက်အခဲ ဖြစ်နေတာကို ကူညီပေးတဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာပါ” ဟု ဦးကိုကိုထွေးက ရှင်းပြသည်။

R 20

ဓာတ်ပုံ - iprd myothit