POST TYPE

NEWS

ဗြိတိန်က ဓာတ်ဆီဆိုင်တစ်ဆိုင်ကို တင့်ကားကြီးတစ်စင်း ဆီလာဖြည့်
06-Feb-2017 tagged as ဗြိတိန်

သင်ဟာ ဓာတ်ဆီဆိုင်တစ် ဆိုင်ဖွင့်ထားမယ်ဆိုရင် ဆိုင်ထဲကို ဆီလာဖြည့်တဲ့ ကားမျိုးစုံ မြင်ကောင်းမြင်ဖူးမှာပေါ့။ ဒါပေမဲ့ တင့်ကားကြီးတစ်စင်း ဆိုင်ထဲဝင်လာမယ်လို့တော့ ဘယ်သူက ထင်ပါလိမ့်မလဲ။ ဗြိတိန်က တင့်ကားဝါသနာရှင်တစ်ဦးဟာ တင့်ကားတစ်စီးကို တက်မောင်းကြည့်ရင်း ဆီနည်းနေတဲ့ ပြဿနာကို ဖြေရှင်းလိုက်ပုံက လမ်းဘေးဆီဆိုင်ထဲ ဝင်ရောက်သွားတာပဲ ဖြစ်ပါတယ်။

သူဟာ ဓာတ်ဆီဆိုင်ထဲကို မဝင်ခင် မြို့တစ်မြို့ကို ဖြတ်မောင်းခဲ့ပါသတဲ့။ ဗြိတိန်ထုတ် CVR ကင်းမြှီးကောက် အပေါ့စားတင့်ကား ဖြစ်ပြီးတော့ ကက်တားရင်း မြို့နားက Tesco ဓာတ်ဆီဆိုင်မှာ ဆီဝင်ဖြည့်သွားခဲ့တာ ဖြစ်ပါတယ်။

Wicksteed at Warဆိုတဲ့ ပြပွဲကြီးတစ်ခု ပြုလုပ်ဖို့ရှိပြီးတော့ အဲဒီတင့်ကားဟာ ပြပွဲမှာ ပြမယ့်ယာဉ်တွေထဲကတစ်စီး ဖြစ်တယ်လို့ ပြပွဲရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေ့ဗ်က ပြောကြားပါတယ်။

F-02