POST TYPE

NEWS

ဒေါ်နယ်ထရမ့် အမှတ်အသားတွေနဲ့ စားသောက်ဆိုင် အီရတ် ကာ့ဒ်ဒေသမှာဖွင့်
03-Jan-2017 tagged as ဒေါ်နယ်ထရမ့်

အီရတ်ကာ့ဒစ္စတန်ဒေသကြီးကို အမေရိက ပြန်လည် ကြီးမြတ်စေသလိုများ ဒေါ်နယ်ထရမ့်ကြီးက လုပ်လေမလား မသိ။ အီရတ်နိုင်ငံ မြောက်ပိုင်း ကာ့ဒ်ဒေသမှာတော့ ငါးစားသောက်ဆိုင် တစ်ခုကို ဒေါ်နယ်ဖစ်ရှ်လို့ အမည် ပေးထားပါတယ်။ ဆိုင်ရှင် နာဒ်ယာဇာဝီတီက ဒေါ်နယ်ထရမ့်ဟာ ကာ့ဒ်တပ်ဖွဲ့တွေကို အားပေးသူဖြစ်တယ်လို့ ပြောဖူးတာ ကြားဖူးတယ်လို့ ဆိုပါတယ်။ ISIS ကို တိုက်တဲ့တိုက်ပွဲမှာ ကာ့ဒ်တွေကို ဒေါ်နယ်ထရမ့်က လက်နက် တပ်ဆင်ပေးသင့်တယ်လို့လည်း သူက တောင်းဆိုထားပါတယ်။ အိမ်ဖြူတော်ကို ရောက်လာတော့မယ့် သမ္မတကြီးဟာ ကတိစကားတည်သူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်လို့ သူက ဆိုပါတယ်။

“ဒေါ်နယ်ထရမ့်ကို ကျွန်တော် နှစ်သက်တဲ့အချက်က သူက ဆုံးဖြတ်ချက် ပြတ်သားတယ်၊ ခိုင်မာအားကောင်းတယ်။ ISIS ကို အပြုတ် ရှင်းမယ့်သူလို့ မျှော်လင့်ရပါတယ်”လို့ ဇာဝီတီက ပြောကြားပါတယ်။ အီရတ်ရိုးရာ ရေသတ္တဝါ အစားအသောက်တွေကို တည်ခင်း ရောင်းချတဲ့ဆိုင်ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ကများ ဖိတ်ခေါ်ရင် အိမ်ဖြူတော်နားမှာ အလားတူ ဆိုင်မျိုး သွားဖွင့်ပြီး ရောင်းချင်တယ်လို့ ဆိုပါသေးတယ်။ သမ္မတမဲဆွယ်ပွဲကာလတွေမှာတုန်းက ဒေါ်နယ်ထရမ့်ဟာ မွတ်ဆလင်တွေကို ပြည်ဝင်ခွင့် ပိတ်ပစ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

F-02