News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးကို ပြန်လွှတ်ပေးရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
08-Feb-2021


ရန်ကုန်၊ ဖေဖော်ဝါရီ ၈

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိုင်းက တပ်မတော်မှနေ၍ ဖမ်း ဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်း စုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်း Reuters က ဖော်ပြထားသည်။

ရှောင်တာနယ်လ်သည် တပ်မတော် မှနေ၍ အာဏာလွှဲပြောင်းရယူလိုက်သည့်  ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင်  ပထမဆုံး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရ သော ပထမဆုံးနိုင်ငံသားအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပြီဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်နှင့် ရှောင်တာ နယ်လ်တို့အကြားတွင် အဆက်အသွယ်  ရရှိခဲ့ကြောင်းကိုမူ သြစတြေးလျနိုင်ငံခြား ရေးဝန်ကြီးက အတည်ပြုသွားခဲ့သည်။

"သြစတြေးလျနိုင်ငံသားဖြစ်တဲ့  ပါမောက္ခ ရှောင်တာနယ်လ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သံရုံး အနေနဲ့လည်း အခုလို အကျပ်အတည်း ကာလထဲမှာ ပါမောက္ခ ရှောင်တာနယ်လ် ကို အပြည့်အဝ ထောက်ခံပေးသွားမှာပါ" ဟု Reuters ၏ ဆက်သွယ်မေးမြန်းမှုကို မာရိုက်စ်ပိုင်းက ဖြေကြားသွားခဲ့သည်။

ရှောင်တာနယ်လ်သည် သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီတက္ကသိုလ်တွင် စီးပွားရေးဆိုင်ရာ ပါမောက္ခအဖြစ်  တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို စီးပွားရေးမူဝါဒအကြံÓဏ် များကို နှစ်ပေါင်းများစွာ ပေးအပ်ခဲ့သူလည်း ဖြစ်သည်။ 

ရှောင်တာနယ်လ်ကို  မည်သည့်နေရာ တွင် တပ်မတော်က ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိုင်းက မှတ်ချက်ပေးသွားခဲ့ပြီး အစော ပိုင်းကာလက မာရိုက်စ်ပိုင်း၏ ပြောကြား ချက်တွင် အမည်မဖော်လိုသော သြစတြေးလျ နိုင်ငံသားတစ်ဦးမှာလည်း ရဲစခန်းတွင် ထိန်း သိမ်းစစ်ဆေးခံခဲ့ရကြောင်း ပါရှိခဲ့ဖူးသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ တပ် မတော်၏ အာဏာလွှဲပြောင်းရမှုကို ဆန့် ကျင်သော ဆန္ဒပြမှုများ အရှိန်အဟုန် မြင့် တက်လာခဲ့ပြီဖြစ်ပြီး မြို့ကြီးပေါင်းများစွာ တွင် ဆန္ဒပြမှုများ ရှိနေပြီဖြစ်ကာ ယနေ့ (ဖေဖော်ဝါရီလ ၈ ရက်) နေ့တွင် အစိုးရ ရုံးစိုက်ရာ နေပြည်တော်၌ ဆန္ဒပြလူအုပ်စု ကို မီးသတ်ပိုက်များအသုံးပြု၍ ဖြိုခွင်းခဲ့ သည်ကို မြင်တွေ့ကြရသည်။

ရိုက်တာက ရှောင်တာနယ်လ်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် "မကြာခင် အချိန်အတွင်း အခြေအနေတွေကို ခင်ဗျားတို့ ကြားသိရနိုင်လိမ့်မယ်လို့ ကျွန် တော် ထင်နေမိပါတယ်။ လက်ရှိမှာတော့  ကျွန်တော် အထိန်းသိမ်းခံထားရပါတယ်။  တစ်စုံတစ်ခုနဲ့တော့ ကျွန်တော် စွဲချက် တင်ခံရနိုင်ပါတယ်။ ဒါပေမဲ့ သေသေချာ ချာတော့ မပြောနိုင်သေးပါဘူး။ လက်ရှိ မှာ ကျွန်တော့် ကျန်းမာရေးက ကောင်း ကောင်းမွန်မွန် ရှိနေပါတယ်" ဟု သတင်း ရရှိခဲ့ကြောင်း သိရှိရသည်။

ANW