News

POST TYPE

NEWS

၈၈ အရေးတော်ပုံအလွန် အကြီးမားဆုံး ဆန္ဒပြမှု
07-Feb-2021

စစ်အာဏာသိမ်းယူပြီး သီတင်းတစ်ပတ်အကြာ ရန်ကုန်မြို့တွင် လူပေါင်းသိန်းနှင့်ချီ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ယင်းဆန္ဒပြမှုများသည် ၈၈ အရေးတော်ပုံအလွန် နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံးဆန္ဒပြမှုဖြစ်ခဲ့သည် 


ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်တပ်က အာဏာသိမ်းယူပြီး သီတင်းတစ်ပတ်အကြာတွင် ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံနှင့် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ ၌ လူပေါင်းသိန်းနှင့်ချီ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ ကြသည်။ 

ဖေဖော်ဝါရီ ၇ရက်တွင် ဒုတိယနေ့ အဖြစ် ရန်ကုန်လူထုက လမ်းပေါ်ထွက်၍  ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်ပြီး ယင်းသည် ၈၈ အရေးတော်ပုံအလွန် နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံးအဖြစ် မှတ်တမ်း ဖြစ်ခဲ့သည်။

ရန်ကုန်မြို့နယ်အသီးသီးမှ ရပ်ကွက် အလိုက်၊ လမ်းအလိုက်၊ အသင်းအဖွဲ့ အလိုက် စုရုံးထွက်လာခြင်းဖြစ်ပြီး လှည်းတန်းလမ်းဆုံ တွင် ဆုံရပ်ကာ ထောင်နှင့်ချီ၍ ဆန္ဒပြခြင်း ဖြစ်သည်။ 
လှည်းတန်းလမ်းဆုံတွင် ဖေဖော်ဝါရီ ၇ရက်၊ နံနက် ၉နာရီခန့်မှ စတင်ကာ ဆန္ဒပြ ခြင်းဖြစ်ပြီး ထောင်နှင့်ချီသည့် ဆန္ဒပြလူထု သည် အဖွဲ့အလိုက် ကြွေးကြော်သံများဖြင့် တစ်နေကုန်နီးပါး မရပ်မနား ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ 

လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြပြီး လျှင် အစုအဖွဲ့အလိုက် 
လူရာနှင့်ချီ၍ အခြားနေရာများသို့ ရွှေ့ပြောင်း၊ ချီတက် ဆန္ဒပြခဲ့ကြသည်။ သို့သော် လှည်းတန်းလမ်းဆုံ သည် ဆုံရပ်ဖြစ်၍ လူအင်အားလျော့နည်းခြင်း မရှိပေ။ 
လမ်းဆုံသို့ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကလည်း ကားဟွန်း တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်းဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို တစ်သား တည်း ရပ်တည်ကာ ဆန္ဒပြခဲ့ကြသည်။ 

ထို့ကြောင့် ရန်ကုန်မြို့တွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုများသည် ပုံစံ မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့၊ လမ်း အနှံ့၊ မြို့နယ်အနှံ့တွင် နံနက်မိုးလင်းမှ ညသန်းခေါင်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

လှည်းတန်းလမ်းဆုံ ပြည်လမ်း၊ အင်းစိန်လမ်းကို မပိတ်သော်လည်း ယင်းသို့ ထောင့်နှင့်ချီဆန္ဒပြမှုကြောင့် တက္ကသိုလ် ရပ်သာလမ်းကိုမူ ရဲတပ်ဖွဲ့က လမ်းတစ်ဝက်စီ ပိတ်ထားခဲ့သည်။ 
နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က တက္ကသိုလ်ရိပ်သာလမ်းပိုင်း ရန်ကုန်တက္ကသိုလ် ရှေ့တွင် နှစ်ဖက်လုံး လမ်း ဘယ်၊ ညာအပြည့် ပိတ်ထားခဲ့သေးသည်။ 

လှည်းတန်းလမ်းဆုံမှ လူအင်အား ၁၀ဝကျော်က တက္ကသိုလ်ရိပ်သာလမ်း အတိုင်း ချီတက်ရာတွင် ရဲတပ်ဖွဲ့ပိတ်ဆို့ ထားသောကြောင့် ရှေ့မတိုးတော့ဘဲ ရဲတပ်ဖွဲ့ဝင်များရှေ့ ၌ပင် ဆန္ဒပြခဲ့ကြသည်။ 
ယင်းသို့ ရဲတပ်ဖွဲ့နှင့်တွေ့ချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ပေးကြရန် ဆန္ဒပြလူထုက တောင်းဆိုခဲ့ကြသည်။ 

ရဲတပ်ဖွဲ့သည်လည်း ပြည်သူက ပေါက်ဖွားလာသော ပြည်သူ့ရဲတပ်ဖွဲ့သာ ဖြစ်၍ လူထုနှင့်အတူ တစ်သားတည်း ရပ်တည်၍ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင် ကြရန် ဆန္ဒပြလူထုက တစ်ညီတစ်ညာ တည်း တိုက်တွန်းခဲ့သည်။ 

စစ်အုပ်ချုပ်ရေးအောက်တွင် တိုင်းပြည် ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျ သွားခဲ့ပြီးဖြစ်၍ စစ်အုပ်ချုပ်ရေးနှင့် အရပ်သား ဒီမိုကရေစီအစိုးရ၏ ကွာခြားချက်ကို သိရှိပြီးဖြစ်မည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ ကို ပြောဆိုခဲ့ကြသည်။

ထို့နောက်တွင် ဆန္ဒပြခေါင်းဆောင် တစ်ဦးက ဆန္ဒပြလူထု တစ်စုံတစ်ရာ မထိ ခိုက်စေရန် ရှေ့မတိုးတော့ဘဲ လှည်းတန်း လမ်းဆုံသို့သာ ပြန်လှည့်ရန် ပြောကြားသဖြင့် ပြည်လမ်း လမ်းဆုံဘက်သို့ လှည့်ပြန်ခဲ့ကြသည်။ 

၎င်းတို့ မပြန်မီတွင် ဆန္ဒပြလူထုက ရဲတပ်ဖွဲ့ဝင်များကို ရေသန့်ဘူး၊ အအေး ဘူး၊ အခြားစားသောက်ဖွယ်ရာများကို ပေးဝေခဲ့ကြသည်။ 

ကနဦးတွင် ရဲတပ်ဖွဲ့က လက်မခံသော် လည်း နောက်ပိုင်းတွင် လူထုပေးဝေသည့် အစားအသောက်များကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကြသည်။ 

ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ဝင်ပေါက်အနီး တက္ကသိုလ်ရိပ်သာလမ်း ဘက်တွင်  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို နေ့လယ်ပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။ သို့သော် အခြားအုပ်စုများ၏ ဖြတ်သန်းသွားလာ ရင်း ဆန္ဒပြမှု ဆက်ရှိနေခဲ့သည်။ 

 "စစ်အာဏာရှင်ကျဆုံးရေး ၊ အမေစု ကျန်းမာပါစေ၊ ပြည်သူ့အာဏာ ပြည်သူ ကိုပြန်ပေး' စသည့် ကြွေးကြော်သံများနှင့် ရပ်ကွက်အတွင်းမှ လူ ၃၀ခန့်က ဗညားဒလ လမ်းမကြီး ပေါ်တက်လာခဲ့သည်။ 

အဆိုပါ ဆန္ဒပြလူထုသည် ကန်တော် လေးဘက်ရောက်ရှိချိန်တွင် အားပေး သည့် ပြည်သူများက ရေသန့်ဘူး ဝေခြင်း များပြုလုပ်၍ ၅မိနစ်ခန့် လမ်းပေါ်တွင် ရပ်နားနေသည်။ 
ကန်တော်လေးမှ မြို့ထဲဆူးလေသို့ ချီတက်ချိန်တွင် ပြည်သူများပူးပေါင်း ပါဝင်လာကြသည်။ လူ ၃၀ဝခန့်ဝန်းကျင် ဖြင့် မြို့တော်ခန်းမရှေ့ရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့များက လမ်းမကြီးနှစ်ဖက်ကို ပိတ်၍ လုံခြုံရေးယူထားကြသည်။

ပြည်သူများလည်း မိနစ်၂၀ခန့် ကြွေးကြော်ခဲ့ကြပြီး ထိုမှတစ်ဆင့် သိမ်ဖြူ လမ်းသို့ ပြန်လည်ချီတက်ခဲ့ပြန်သည်။

ထိုအချိန်တွင် သိမ်ဖြူလမ်းမပေါ် တွင် မြို့ထဲသို့ချီတက်လာသော ပြည်သူ ၅၀ဝ၀ခန့်နှင့် တွေ့ဆုံကာ ပူးပေါင်း၍ ဆူးလေဘက်သို့ ပြန်လည်ချီတက်ခဲ့သည်။ 

ထို့နောက် အားပေးသော ပြည်သူ များ ပူးပေါင်းပါဝင်ကြကာ ပန်းဆိုးတန်းခုံးကျော်တံတားသို့ရောက်ရှိချိန်တွင် နောက်ထပ်ချီတက်နေသည့် အဖွဲ့တစ်ဖွဲ့နှင့် ထပ်မံပေါင်းမိကာ ဆန္ဒပြလူထု သောင်းချီ ဖြစ်လာ၍ မြို့ထဲသို့ ချီတက်ကြသည်။

အနော်ရထာလမ်းမှ ရွှေဘုံသာလမ်း သို့ပတ်ပြီးချီတက်၍ မဟာဗန္ဓုလလမ်းမ ပေါ်ရောက်ရှိချိန်တွင် ပန်းဘဲတန်းမြို့ နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် မအိသဉ္ဇာမောင်က စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်းကို ဟောပြောခဲ့သည်။

ထိုအချိန်ခန့်တွင် ဆူးလေဘုရား လမ်းမပေါ်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရောက်ရှိလာ ပြီး ပြည်သူလူထုထံ မဟောပြောသော် လည်း ပြည်သူ့အနားတွင် အမြဲရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချိန ်ဆူးလေဘုရားတစ်ဝိုက် တွင် ပြည်သူများတစ်ဖြည်းဖြည်းများ လာပြီး လာရောက်ပူးပေါင်းကြသည်။ 

ဆန္ဒပြလူထုက "ဒါဟာ အာဏာ သိမ်းမှုကို ရင်ထဲကလာတဲ့ဆန္ဒနဲ့ ကန့်ကွက် တဲ့ ပြည်သူတွေ။ ကြေးစားတွေမပါခဲ့ဘူး။ မတရားမှုကို တွန်းလှန်မယ့်ပြည်သူတွေ" ဟု ကြွေးကြော်ခဲ့ကြသည်။  
ဆူးလေအနီးတစ်ဝိုက်သို့ ရန်ကုန် မြို့နေရာအသီးသီးမှ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများက တစ်ဖွဲ့ ပြီး တစ်ဖွဲ့ ချီတက်လာကြပြီး ဆူးလေတွင် လာရောက်စုဝေးကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်းတစ်ပတ်ပြည့် မြောက်နေ့၊ ဖေဖော်ဝါရီလ ၇ ရက် ဆန္ဒပြမှု သည် မြန်မာ့နိုင်ငံရေး သမိုင်း၏  ၈၈ အရေးတော်ပုံအလွန် လူထုအင်အား သိန်းနှင့် ချီသည့် အကြီးမားဆုံးဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လူရာနှင့်ချီ၍ အခြားနေရာများသို့ ရွှေ့ပြောင်း၊ ချီတက်ဆန္ဒပြခဲ့ကြသည်။ သို့သော် လှည်းတန်း လမ်းဆုံသည် ဆုံရပ်ဖြစ်၍ လူအင်အား လျော့နည်းခြင်း မရှိပေ။ 

လမ်းဆုံသို့ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကလည်း ကားဟွန်း တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်းဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကို တစ်သား တည်း ရပ်တည်ကာ ဆန္ဒပြခဲ့ကြသည်။ 

ထို့ကြောင့် ရန်ကုန်မြို့တွင် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြမှုများသည် ပုံစံ မျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့၊ လမ်း အနှံ့၊ မြို့နယ်အနှံ့တွင် နံနက်မိုးလင်းမှ ညသန်းခေါင်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ 

လှည်းတန်းလမ်းဆုံ ပြည်လမ်း၊ အင်းစိန်လမ်းကို မပိတ်သော်လည်း ယင်းသို့ ထောင်နှင့်ချီဆန္ဒပြမှုကြောင့် တက္ကသိုလ် ရိပ်သာလမ်းကိုမူ ရဲတပ်ဖွဲ့က လမ်းတစ်ဝက်စီ ပိတ်ထားခဲ့သည်။ 
နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့က တက္ကသိုလ်ရိပ်သာလမ်းပိုင်း ရန်ကုန်တက္ကသိုလ် ရှေ့တွင် နှစ်ဖက်လုံး လမ်း ဘယ်၊ ညာအပြည့် ပိတ်ထားခဲ့သေးသည်။ 

လှည်းတန်းလမ်းဆုံမှ လူအင်အား ၁၀ဝ ကျော်က တက္ကသိုလ်ရိပ်သာလမ်း အတိုင်း ချီတက်ရာတွင် ရဲတပ်ဖွဲ့ပိတ်ဆို့ ထားသောကြောင့် ရှေ့မတိုးတော့ဘဲ ရဲတပ်ဖွဲ့ဝင်များရှေ့ ၌ပင် ဆန္ဒပြခဲ့ကြသည်။ 
ယင်းသို့ ရဲတပ်ဖွဲ့နှင့်တွေ့ချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (ဃြီ) တွင် ပါဝင်ပေးကြရန် ဆန္ဒပြလူထုက တောင်းဆိုခဲ့ကြသည်။ 

ရဲတပ်ဖွဲ့သည်လည်း ပြည်သူက ပေါက်ဖွားလာသော ပြည်သူ့ရဲတပ်ဖွဲ့သာ ဖြစ်၍ လူထုနှင့်အတူ တစ်သားတည်း ရပ်တည်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြရန် ဆန္ဒပြလူထုက တစ်ညီတစ်ညာ တည်း တိုက်တွန်းခဲ့သည်။ 

စစ်အုပ်ချုပ်ရေးအောက်တွင် တိုင်းပြည် ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျ သွားခဲ့ပြီးဖြစ်၍ စစ်အုပ်ချုပ်ရေးနှင့် အရပ်သား ဒီမိုကရေစီအစိုးရ၏ ကွာခြားချက်ကို သိရှိပြီးဖြစ်မည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ ကို ပြောဆိုခဲ့ကြသည်။

ထို့နောက်တွင် ဆန္ဒပြခေါင်းဆောင် တစ်ဦးက ဆန္ဒပြလူထု တစ်စုံတစ်ရာ မထိ ခိုက်စေရန် ရှေ့မတိုးတော့ဘဲ လှည်းတန်း လမ်းဆုံသို့သာ ပြန်လှည့်ရန် ပြောကြားသဖြင့် ပြည်လမ်း လမ်းဆုံဘက်သို့ လှည့်ပြန်ခဲ့ကြသည်။ 

၎င်းတို့ မပြန်မီတွင် ဆန္ဒပြလူထုက ရဲတပ်ဖွဲ့ဝင်များကို ရေသန့်ဘူး၊ အအေး ဘူး၊ အခြားစားသောက်ဖွယ်ရာများကို ပေးဝေခဲ့ကြသည်။ 

ကနဦးတွင် ရဲတပ်ဖွဲ့က လက်မခံသော် လည်း နောက်ပိုင်းတွင် လူထုပေးဝေသည့် အစားအသောက်များကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကြသည်။ 

ထို့ကြောင့် ရန်ကုန်တက္ကသိုလ် ဝင်ပေါက်အနီး တက္ကသိုလ်ရိပ်သာလမ်း ဘက်တွင်  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို နေ့လယ်ပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။ သို့သော် အခြားအုပ်စုများ၏ ဖြတ်သန်းသွားလာ ရင်း ဆန္ဒပြမှု ဆက်ရှိနေခဲ့သည်။ 

 'စစ်အာဏာရှင်ကျဆုံးရေး ၊ အမေစု ကျန်းမာပါစေ၊ ပြည်သူ့အာဏာ ပြည်သူ ကိုပြန်ပေး' စသည့် ကြွေးကြော်သံများနှင့် ရပ်ကွက်အတွင်းမှ လူ ၃၀ခန့်က ဗညားဒလ လမ်းမကြီးပေါ်တက်လာခဲ့သည်။ 

အဆိုပါ ဆန္ဒပြလူထုသည် ကန်တော် လေးဘက်ရောက်ရှိချိန်တွင် အားပေး သည့် ပြည်သူများက ရေသန့်ဘူး ဝေခြင်း များပြုလုပ်၍ ၅ မိနစ်ခန့် လမ်းပေါ်တွင် ရပ်နားနေသည်။ 

ကန်တော်လေးမှ မြို့ထဲဆူးလေသို့ ချီတက်ချိန်တွင် ပြည်သူများပူးပေါင်း ပါဝင်လာကြသည်။ လူ ၃၀ဝ ခန့်ဝန်းကျင် ဖြင့် မြို့တော်ခန်းမရှေ့ရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့များက လမ်းမကြီးနှစ်ဖက်ကို ပိတ်၍ လုံခြုံရေးယူထားကြသည်။

ပြည်သူများလည်း မိနစ်၂၀ခန့် ကြွေးကြော်ခဲ့ကြပြီး ထိုမှတစ်ဆင့် သိမ်ဖြူ လမ်းသို့ ပြန်လည်ချီတက်ခဲ့ပြန်သည်။

ထိုအချိန်တွင် သိမ်ဖြူလမ်းမပေါ် တွင် မြို့ထဲသို့ချီတက်လာသော ပြည်သူ ၅၀ဝ၀ ခန့်နှင့် တွေ့ဆုံကာ ပူးပေါင်း၍ ဆူးလေဘက်သို့ ပြန်လည်ချီတက်ခဲ့သည်။ 

ထို့နောက် အားပေးသော ပြည်သူ များ ပူးပေါင်းပါဝင်ကြကာ ပန်းဆိုးတန်း ခုံးကျော်တံတားသို့ ရောက်ရှိချိန်တွင်  နောက်ထပ်ချီတက်နေသည့် အဖွဲ့တစ်ဖွဲ့နှင့် ထပ်မံပေါင်းမိကာ ဆန္ဒပြလူထု သောင်းချီ ဖြစ်လာ၍ မြို့ထဲသို့ ချီတက်ကြသည်။

အနော်ရထာလမ်းမှ ရွှေဘုံသာလမ်း သို့ပတ်ပြီး ချီတက်၍ မဟာဗန္ဓုလလမ်းမ ပေါ်ရောက်ရှိချိန်တွင် ပန်းဘဲတန်းမြို့ နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် မအိသဉ္ဇာမောင်က စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်းကို ဟောပြောခဲ့သည်။

ထိုအချိန်ခန့်တွင် ဆူးလေဘုရား လမ်းမပေါ်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရောက်ရှိလာ ပြီး ပြည်သူလူထုထံ မဟောပြောသော် လည်း ပြည်သူ့အနားတွင် အမြဲရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုအချိန် ဆူးလေဘုရားတစ်ဝိုက် တွင် ပြည်သူများ တဖြည်းဖြည်းများလာ ပြီး လာရောက်ပူးပေါင်းကြသည်။ 

ဆန္ဒပြလူထုက "ဒါဟာ အာဏာ သိမ်းမှုကို ရင်ထဲကလာတဲ့ဆန္ဒနဲ့ ကန့်ကွက် တဲ့ ပြည်သူတွေ။ ကြေးစားတွေ မပါခဲ့ဘူး။ မတရားမှုကို တွန်းလှန်မယ့်ပြည်သူတွေ" ဟု ကြွေးကြော်ခဲ့ကြသည်။  
ဆူးလေအနီးတစ်ဝိုက်သို့ ရန်ကုန် မြို့နေရာအသီးသီးမှ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများက တစ်ဖွဲ့ ပြီး တစ်ဖွဲ့ ချီတက်လာကြပြီး ဆူးလေတွင် လာရောက်စုဝေးကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

စစ်အာဏာသိမ်း တစ်ပတ်ပြည့် မြောက်နေ့၊ ဖေဖော်ဝါရီလ ၇ ရက် ဆန္ဒပြမှု သည် မြန်မာ့နိုင်ငံရေး သမိုင်း၏  ၈၈ အရေးတော်ပုံအလွန် လူထုအင်အား သိန်းနှင့်ချီသည့် အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

J-02