News

POST TYPE

NEWS

ငြိမ်းစုစီမတင်ဘဲ တပ်ထောက်ခံပွဲနှင့် UEC ကန့်ကွက်ပွဲလုပ်သည့် ဦးဆောင်သူ ၁၆ ဦး ဖမ်းဆီးခံရ
25-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ် (ကျောင်းရှေ့မှတ်တိုင်အနီး) မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ငြိမ်းစုစီမတင်ဘဲ တပ်မတော်ထောက်ခံပွဲနဲ့နဃ ကန့်ကွက်ပွဲ ဦးဆောင်ဆန္ဒပြခဲ့သူ ၁၆ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီပွဲကို လူပေါင်းလေးရာနီးပါး လာရောက်ခဲ့ပြီး ဆန္ဒပြဖို့ ပြုလုပ်နေချိန်မှာပဲ ဦးဆောင်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဦးဆောင်သူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ခြောက်ဦးကို တာမွေမြို့မရဲစခန်းမှာ ငြိမ်းစုစီ ပုဒ်မ-၁၉ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရဲတွေဖမ်းဆီးပြီးနောက်ပိုင်း အဲ့ဒီနေရာမှာပဲ UEC ကို ကန့်ကွက်ကြောင်း တစ်ကိုယ်တော်ဆန္ဒလာပြတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြသူ ဒေါ်ခင်ပြည့်လှိုင်က "အမြို့မြို့ အနယ်နယ်တိုင်းမှာ မဲလိမ်မဲခိုးမှုတွေ ဆန္ဒဖော်ထုတ်နေတယ်၊ ဒါကို အစိုးရက တာဝန်ယူဖြေရှင်းပေးတာ မရှိဘူး၊ ဒါကြောင့် ဆန္ဒပြရတာပါ" လို့ ပြောပါတယ်။

အဲဒီလိုဆန္ဒပြတာကို ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အမျိုးသားရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ ဝန်းရံသူအင်အား လေးရာနီးပါးနဲ့ လာရောက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ တာမွေမြို့နယ် ရွှေထွဋ်တင် အားကစားကွင်းကနေ ဗဟန်းမြို့နယ်မှာရှိတဲ့ ကြေးသွန်းဘုရားအထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ထားတာလို့လည်း သိရပါတယ်။

အေးချမ်းသူ(VOM)