News

POST TYPE

NEWS

ရှမ်းပြည်နယ်ရှိ စေတီပုထိုးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် အစိုးရက ညွှန်ကြား
24-Jan-2021
ပင်းတယ၊ ဇန်နဝါရီ ၂၄ 

ရှမ်းပြည်နယ်အတွင်းရှိ စေတီပုထိုးများကို အများပြည်သူ ဖူးမြော်ခွင့်ရရှိစေရန် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဘုရားဂေါပကအဖွဲ့မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး ပြည်နယ်အစိုးရက ညွှန်ကြားထားသည်။ 

ယင်းသို့ ညွှန်ကြားထားသော်လည်း လတ်တလောတွင် ရှမ်းပြည်နယ်အတွင်းရှိ ဘုရားများမှာ ဖွင့်လှစ်ဦးမည်မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားခဲ့ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ 

ရှမ်းပြည်နယ်တွင် သမိုင်းဝင်စေတီပုထိုး အမြောက်အမြားရှိပြီး ဂေါပကအဖွဲ့ဝင်များမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အမိန့်စာအတိုင်း COVID-19 ရောဂါကာလတွင် ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်သည်။ 

S-03