News

POST TYPE

NEWS

မင်္ဂလာဒုံတွင် UEC ကန့်ကွက်ပွဲသို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားရေးသမားများ လာရောက်ဝန်းရံ
23-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၃

မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်ခြံမှတ်တိုင်အနီး ပြည်လမ်းမပေါ်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကန့်ကွက်ပွဲကို ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားရေးသမား ၃၀ဝ နီးပါး လာရောက်ဝန်းရံခဲ့ကြပါတယ်။

ကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးက "တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုသလို၊ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လည်း လိုပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေတောင်းဆိုနေတာ အနိုင်အရှုံးရလဒ်ကို တောင်းဆိုနေတာ မဟုတ်ပါဘူး၊ ဒီမိုကရေစီအရ တရားမျှတမှုကို တောင်းဆိုနေတာ" လို့ ပြောပါတယ်။

UEC ကန့်ကွက်ပွဲမှာ ဒီမိုကရေစီပျက်သုဉ်းမည့်လုပ်ရပ်များ အလိုမရှိ၊ ပြည်သူ့ရဲများ ပြည်သူကိုစောင့်ရှောက်ပေးပါ၊ ပြည်ထောင်စုလွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးပါ၊ မီဒီယာများ အမှန်တရားကို ဖော်ထုတ်ပေးပါ စတဲ့ ကြွေးကြော်စာသားတွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကန့်ကွက်ပွဲကို ကြံ့ခိုင်ရေးပါတီမှ ပုဇွန်တောင်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမင်းသန်း၊ မရမ်းကုန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသီဟ နဲ့ပါတီဝင်များ၊ အမျိုးသားရေးသမားတွေအပါအဝင် အင်းအား ၃၀ဝ ခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။

အဲဒီကန့်ကွက်ပွဲဦးဆောင်သူ ဦးကျော်မိုးဟာ ဇန်နဝါရီလ ၂၀ ရက်နေ့ကပဲ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမသမာမှုအပေါ် ကန့်ကွက်ရှုတ်ချခြင်းနဲ့ လူထုဆန္ဒဖော်ထုတ်ဖို့အတွက် မင်္ဂလာဒုံမြို့မရဲစခန်းမှာ ငြိမ်းစုစီလာ ရောက်လျှောက်ခဲ့တယ်လို့လည်း မင်္ဂလာဒုံ မြို့မရဲစခန်းကနေ သိရပါတယ်။

ရန်ကုန်မြို့မှာ အခုနှစ် ဇန်နဝါရီလအတွင်း ခွင့်ပြုချက်မတင်ဘဲ ဆန္ဒပြမှုတွေကို ငြိမ်းစုစီပုဒ်မ-၁၉/၂၀ နဲ့ အရေးယူထားတာတွေရှိနေပြီး အင်းစိန်၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တံတားမြို့နယ်၊ တွံတေး၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တို့မှာ အရေးယူထားသူ ၁၅ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ 

အေးချမ်းသူ(VOM)