POST TYPE
NEWS
ပလိပ်မြို့ကို Semi Lockdown နှစ်ပတ်သတ်မှတ်
22-Jan-2021

မန္တလေး၊ ဇန်နဝါရီ ၂၁
မြို့ငယ်သော်လည်း ပိုးတွေ့မှုမြင့်တက်နေသော ပလိပ်မြို့နှင့် ဆီဆုံကျေးရွာတို့ကို ဇန်နဝါရီ ၂၂ ရက် (ယနေ့) မှစတင်ကာ Semi Lockdown နှစ်ပတ် သတ်မှတ်ကာ စည်းကမ်းတင်းကျပ်မည်ဖြစ်ကြောင်း စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
"ဆီးမီးလော့ဒေါင်း နှစ်ပတ်လုပ်မယ်။ မြို့ကြီးတွေမှာ ပိုးတွေ့နှုန်းကျနေပေမယ့် မြို့သေးသေးလေးက ပိုးတွေ့တာများလာတဲ့အတွက် တိုင်းအစိုးရရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်တာဖြစ်တယ်" ဟု ယင်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဆီးမီးလော့ဒေါင်းအစီအစဉ်အရ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စနစ် ခွင့်မပြုဘဲ ပါဆယ်စနစ်သာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာခြင်းမရှိသောဆိုင်များကို ရှောင်တခင်စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
ပလိပ်မြို့တွင် ကိုဗစ်ကာလ စည်းကမ်းလိုက်နာမှုနည်းနေခြင်းကြောင့် ထိရောက်စွာအရေးယူသင့်ကြောင်း ပလိပ်မြို့ခံများက ပြောဆိုလျက်ရှိသည်။
ပလိပ်မြို့တွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၉ ရက်နေ့မှ ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၉၀ နီးပါးရှိကြောင်း၊ ပလိပ်အထက Quarantine စင်တာတွင် အသွားအလာကန့်သတ်ထားသူ ၆၀ ကျော်ရှိကြောင်း We Love Paleik အဖွဲ့ထံမှသိရသည်။
ကျောက်ဆည်ခရိုင်တွင် တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် စသည့် လေးမြို့နယ်ရှိသည့်အနက် စဉ့်ကိုင်မြို့နယ်သည် ကိုဗစ်ပိုးတွေ့မှု အများဆုံးဖြစ်ပြီး ကိုဗစ်ပိုးတွေ့မှု အများဆုံးဖြစ်သော ပလိပ်၊ ဆီဆုံ၊ ဗျင်းညားလော၊ ညောင်ပင်ကြီး၊ တောမကျေးရွာတို့ကို ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာ ၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့အထိ Stay at Home တစ်ကြိမ် သတ်မှတ်ခဲ့ဖူးသည်။
S-02
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021