News

POST TYPE

NEWS

ကချင်မှ ကိုယ်ဝန်ဆောင်များအား ယခုလတွင် ထောက်ပံ့ကြေး သုံးသောင်းပေးမည်
22-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

ကချင်ပြည်နယ်ရှိ တနိုင်း၊ ပူတာအို၊ မိုးညှင်းမြို့နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များကို ဇန်နဝါရီလ နောက်ဆုံးအပတ်များတွင် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ကြေညာထားသည်။ 

လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အညီ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည့် WFPကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ယူနီဆက်-မြန်မာတို့ ပူးပေါင်းပြီး ECHO ၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ်ရှိ အဆိုပါမြို့နယ်သုံးခုမှ ကိုယ်ဝန်ဆောင် မိခင်များကို စာရင်းသွင်းခြင်းနှင့် ငွေသားထောက်ပံ့ခြင်းများကို ဇန်နဝါရီတွင်ဆောင်ရွက်မည်ဖြစ်သည်။ 

WFP မှ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KMSS နှင့် ပူးပေါင်းပြီး အကျိုးခံစားခွင့်ရှိသူများကို အတည်ပြုခြင်း၊ ပြည်သူလူထုနှင့် ဆက်သွယ်ရှင်းလင်းခြင်း၊ ထောက်ပံ့ကြေးပေးအပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ အာဟာရဆိုင်ရာ အချက်အလက်များနှင့် ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ဖုန်းမှတစ်ဆင့် စာတိုပေးပို့ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဖြင့်လည်း ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။ 

ထောက်ပံ့ကြေးငွေသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ထောက်ပံ့ခဲ့သော ငွေဗိုက်အစီအစဉ်တွင် ထောက်ပံ့ကြေးရရှိခဲ့သော ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဦးလျှင် တစ်ကြိမ်သာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၎င်းကြေညာချက်တွင်ပါရှိသည်။    

S-09