News

POST TYPE

NEWS

NLD အစိုးရသစ်တွင်ပါဝင်မည့် ဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို လျာထားပြီးဖြစ်ဟုဆို
21-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၂၁

အစိုးရသစ်တွင် တာဝန်ထမ်းဆောင် ရမည့်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များကို လျာထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြား သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ၊ အစိုးရသစ်ဖွဲ့စည်းရာမှာ ပါဝင်မယ့် ဝန်ကြီး တွေနဲ့ ပတ်သက်လို့ ခန့်မှန်းထားတာရှိပါ တယ်။ ဘယ်ဟာမှ အတည်မပြုထားပါ ဘူး။ ရွေးချယ်မှုနဲ့ ပတ်သက်ရင် အဖွဲ့ချုပ်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့်သူ ဖြစ်ရမယ်၊ နောက်ပြီး တော့ သူတို့ကို ခန့်ထားတဲ့လုပ်ငန်းတာဝန် နဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်မှုရှိတဲ့ သူဖြစ်ရမယ်။ ပြည်သူလူထုက ယုံကြည်ကိုးစားနိုင်တဲ့သူဖြစ်ရမယ်။ ဒီမူတွေနဲ့ ရွေးချယ်သွားမှာပါ" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

အဆိုပါ အစိုးရအဖွဲ့သစ်တွင် ပါဝင် မည့် ပုဂ္ဂိုလ်များ၏ အမည်များကိုမူ ဖြေကြားခဲ့ခြင်းမရှိဘဲ နောက်ဆုံးအချိန်မှ သာ သိရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး ဖွဲ့စည်းခဲ့သော NLD အစိုးရအနေ ဖြင့် အုပ်ချုပ်မှုအတွေ့အကြုံများ၊ လွှတ်တော်တွင်း အတွေ့အကြုံများ ရရှိထားပြီးဖြစ်ကြောင်း၊ ယင်းအတွေ့ အကြုံများသည် ပါတီဝင်များ၏ အရည်အချင်းကို သိရှိမှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း၊ လာမယ့်အစိုးရသစ်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်သည့် အစိုးရအဖွဲ့ထက် လူမှန် နေရာမှန်ဖြစ်လိမ့် မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဖွဲ့စည်းခဲ့သည့် NLD ပါတီအစိုးရအဖွဲ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဆောင်ရွက် ချက် လွဲမှားမှုများနှင့်ပတ်သက်ပြီး ဝေဖန်မှု များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ပြောစကားများနှင့် ပတ်သက် ပြီး ပြည်သူလူထုအတွင်း ဝေဖန်မှုများ ရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိ လိုက်စားမှုဖြင့် တရားစွဲဆို ထောင်ချမှု အပြင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုကိုလည်း ကယားပြည်နယ် လွှတ်တော်မှ စွပ်စွဲပြစ်တင်ခံရသည့် အတွက်တာဝန်မှ အနားပေးခဲ့ရသည် အထိရှိခဲ့သည်။

"အခု ရွေးချယ်တဲ့သူတွေကလည်း အရင်အစိုးရက ရွေးချယ်ထားတဲ့သူတွေ လို မူဝါဒကတော့ အတူတူပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့လည်း ပါတီဝင်တွေရဲ့ အရည် အချင်းကိုတော့ အကုန်လုံးမသိနိုင်ဘူး ပေါ့လေ၊ အလုပ်လုပ်ကြည့်မှပဲ လူဆိုတာ အရည်အချင်းက ပေါ်လွင်တာကိုး။ ရန်ကုန် တိုင်းမှာလည်း လျာထားတာပဲရှိသေးတဲ့ အတွက် ပြောပြလို့မရသေးပါဘူး။ လျထား တယ်ဆိုတာလည်း အတည်မဟုတ်သေးပါ ဘူး။ အခြေအနေပေါ်မူတည်ပြီးတော့ နောက်ဆုံးအခြေအနေအထိ ပြောင်းလို့ ရပါသေးတယ်" ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုအစိုးရ ဖွဲ့စည်း နိုင်သည်အထိ အနိုင်ရရှိခဲ့ကာ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများမှလွဲ၍  တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ နှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

"ပြည်သူတွေက ၂၀၂၁ မှာ NLD က ဖွဲ့စည်းမယ့် အစိုးရအသစ်ကို အများကြီး အားထား မျှော်လင့်နေတယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို အတတ် နိုင်ဆုံး အလုံးစုံ ဖြည့်ဆည်းနိုင်ဖို့လည်း ကြိုးစားပါတယ်" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

S-08