POST TYPE
NEWS
သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဆောက်အအုံအသစ် ၂၀၂၂ တွင် ပြီးမည်
20-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၉
သုတေသန စွမ်းဆောင်ရည်လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဆောက်အအုံသစ်ကို ငွေကျပ် ၄ ဒသမ ၆၉၆ ဘီလီယံအကုန်အကျခံ တည်ဆောက်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။
ယင်းကဲ့သို့ ပြောကြားခြင်းကို ၄၉ ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရမှ ကျပ်ငွေ ၄ ဒသမ ၆၉၆ ဘီလီယံအကုန်အကျခံ၍ သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာန အဆောက်အအုံသစ်ကြီးကို ဆောက်လုပ်လျက်ရှိရာ ယခုနှစ်တွင် စက်တင်ဘာလတွင် စတင်သုံးနိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဆောက်လုပ်မှုလုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်သည်။
သုတေသနဆိုင်ရာစွမ်းဆောင် ရည်မြှင့်တင်မှုများ လုပ်ဆောင်ရန်အတွက် နိုင်ငံတော်မှ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၉၀ဝ၀ ကျော်ကို ခွဲဝေ ချထားပေးခဲ့ရာ ထိုကဲ့သို့ ချထားပေးမှုမှာ ကျန်းမာရေးဝန်ကြီးဌာန စတင်ဖြစ်ပေါ် ခဲ့သည့် အချိန်မှစ၍ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။
ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်)တွင် သုတေသန စွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနကိုလည်းဖွင့်လှစ်နိုင်ခဲ့ပြီး သုတေသနဆိုင်ရာ သင်တန်းအမျိုးမျိုးကို အဆက်မပြတ်ဆောင်ရွက်နိုင်ခဲ့ကာ COVID-19 ဖြစ်ပွားနေသည့်ကာလတွင်လည်း အင်တာနက်ကွန်ရက် အသုံးပြုကာ သင်တန်းများ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့သည်။
အမျိုးသားအဆင့် သုတေသနမူဝါဒ (National Research Policy) နှင့် အမျိုးသားအဆင့် သုတေသနကောင်စီ (National Research Council) တို့ ပေါ်ပေါက်လာစေရေးအတွက်ကိုလည်း ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် ဆက်လက်ပံ့ပိုးမည်ဟု ဒေါက်တာမြင့်ထွေးက ထပ်လောင်းပြောကြားသည်။
S-09
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021