News

POST TYPE

NEWS

၇၆ နှစ်မြောက် တပ်မတော်နေ့ ကျင်းပမည်
19-Jan-2021


နေပြည်တော်၊ ဇန်နဝါရီ ၁

ကိုဗစ်-၁၉ ရောဂါကြောင့် ယခင် နှစ်က ၇၅ နှစ်မြောက် တပ်မတော်နေ့ မကျင်းပဖြစ်ခဲ့သော်လည်း ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပမယ်လို့ တပ်မတော်အသိုင်းအဝိုင်းတွင် သတင်းတွေထွက်ပေါ်နေပါတယ်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကိုမေးကြည့်တော့ "ကျင်းပဖို့စီစဉ်ထားပါတယ်။ (၇၅) နှစ်မြောက် တပ်မတော်နေ့ကို COVID-19 ကြောင့်မလုပ်ဖြစ်ခဲ့ဘူး၊ (၇၆) နှစ်မြောက် တပ်မတော်နေ့ကိုတော့ (၇၅) နှစ်မြောက်နဲ့ (၇၆) နှစ်မြောက် နှစ်ကြိမ်ကိုပေါင်းပြီးတော့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပဖြစ်မှာဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကျင်းပမယ့်ပုံစံကတော့ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး COVID-19 စည်းမျဉ်း၊ စည်းကမ်းတွေအတိုင်း ကျင်းပမှာဖြစ်ပါတယ်။ ကျင်းပမယ့်ပုံစံကိုတော့ တိတိကျကျ မသတ်မှတ်ရသေးပါဘူး၊ ကျင်းပမှာတော့ သေချာပါတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုပါတယ်။ 

ကိုထွန်း (VOM)