News

POST TYPE

NEWS

ဖလမ်းမြို့တွင် အိမ်ခြောက်လုံး မီးလောင်၊ လူနှစ်ဦး သေဆုံး
12-Jan-2021


မုံရွာ၊ ဇန်နဝါရီ ၁၂

ချင်းပြည်နယ် ဖလမ်းမြို့ ဖာထောက်ရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ဖလမ်းနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း အောက်ဘက် ဟားခါးမြို့အထွက်လမ်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၄ နာရီခွဲခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"မီးစလောင်တာက မနက် ၄ နာရီ မိနစ် ၂၀ လောက်မှာဖြစ်တယ်၊ မီးလောင်ကျွမ်းရတာက အပူပေးစက်ဟီတာက အပူလွန်ကဲပြီး ကူးစက်လောင်တာဖြစ်တယ်။ အိမ် ၅ လုံးက မီးလောင်ပျက်စီးတယ်၊ တစ်လုံးကတော့ မီးကူးစက်မှုမရှိအောင် ဖျက်လိုက်ရတယ်" လို့ ချင်းပြည်နယ် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစာရုံမန်းက ပြောပါတယ်။

မီးစလောင်တဲ့အိမ်မှာ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီးနဲ့ အသက် ၅၀ ဝန်းကျင် မသန်စွမ်းအမျိုးသမီးတစ်ဦးတို့ နေထိုင်ပြီး အဲ့ဒီအမျိုးသမီးနှစ်ဦးစလုံး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမီးလောင်ကျွမ်းမှုနဲ့ပတ်သက်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ကူညီထောက်ပံ့ပေးတာတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၉ ရက် ညပိုင်းကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့သေးတယ်လို့ သိရပါတယ်။          

ကိုတိုးကြီး (VOM)