News

POST TYPE

NEWS

သတင်းအရင်းအမြစ်-တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ NLD ပါတီကိုယ်စားလှယ်လောင်းသုံးဦးကို ပြန်လည်လွှတ်ပေးမှု အမေရိကန်သံရုံး ကြိုဆို
02-Jan-2021


မန္တလေး၊ ဇန်နဝါရီ ၂

ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စား လှယ်လောင်းသုံးဦးကို AA လက်နက်ကိုင်တပ်ဖွဲ့က ပြန်လည်လွှတ်ပေးခဲ့မှုကို ကြိုဆိုကြောင်း အမေရိကန်သံရုံး (ရန်ကုန်) ကထုတ်ပြန်သည်။

ရွေးကောက်ပွဲမတိုင်မီက တောင်ကုတ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်းကို မိမိတို့ကြိုဆိုကြောင်း၊ ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုယ်စားလှယ်လောင်းများသည် ဘေးကင်းလုံခြုံစွာ မဲဆွယ်စည်းရုံးခွင့်ရှိရမည်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း ခပ်သိမ်းသော သူအပေါင်းတို့ လာမည့်နှစ်အတွင်း ပိုမိုကောင်းမွန်သော ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် သာယာဝပြောမှုတို့ကို ရရှိခံစားနိုင် လိမ့်မည်ဟုမျှော်လင့်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ NLD ပါတီကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့က စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလိုအပ်ချက်အရ ခေါ်ယူထိန်းသိမ်းထားခဲ့ကြောင်း၊ ဇန်နဝါရီ လ ၁ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာ၌ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်ပြီးပြီဖြစ်၍ တောင်ကုတ် NLD အဖွဲ့ ဝင်သုံးဦးအား AA လက်နက်ကိုင်အဖွဲ့၏ လွှဲပြောင်းရေးအဖွဲ့မှ တပ်မတော်လက်ခံရေးအဖွဲ့ထံသို့ ကောင်းမွန်စွာလွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်း AA ကလည်း ထုတ်ပြန်ထားသည်။

S-02