POST TYPE
NEWS
၂၀၂၁ ခုနှစ်တွင် ကလေးသူငယ် ၁၀ သန်းကျော် ဆိုးရွားပြင်းထန်သည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရမည်ဟု ယူနီဆက် သတိပေး
31-Dec-2020

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၃၀
လာမည့် ၂၀၂၁ ခုနှစ်တွင် ကလေးသူငယ်ပေါင်း ၁၀ သန်းကျော်ခန့်မှာ ဆိုးရွားလှသည့် အာဟာရချို့တဲ့မှုကြီးကို ဖြစ်ပေါ်ခံစားရလိမ့်မည်ဖြစ်သည်ဟု ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ထုတ်ဖော်သတိပေးပြောကြားလိုက်သည်။
ယူနီဆက်၏ အဆိုအရ အာဖရိကဒေသမှ ကွန်ဂို၊ နိုက်ဂျီးရီးယား၊ အလယ်ဆာဟာ၊ တောင်ဆူဒန်နှင့် ယီမင်အစရှိသည့်နိုင်ငံများတွင် ကလေးငယ်များ အာဟာချို့တဲ့မှု ဆိုးရွားစွာဖြစ်ပေါ်ခံစားကြရလိမ့်မည်။
ယင်းနိုင်ငံများသည် အစာရေစာလောက်ငှမှုမရှိခြင်း၊ ကပ်ရောဂါဆိုက်ရောက်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းတို့အပါအဝင် ဆိုးရွားသော လူသားဘေးဒုက္ခကြီးများနှင့် ကြုံတွေ့ရသောဒေသများဖြစ်သည်ဟု ယူနီဆက်ကဆိုသည်။
“ကိုဗစ်ကပ်ရောဂါတွေ၊ စစ်မက်ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ရာသီဥတုပြောင်းလဲမှုတွေရဲ့ အကျိုးဆက်ကို အဲဒီနိုင်ငံတွေအနေနဲ့ ကြုံတွေ့ခံစားရပါလိမ့်မယ်။ အဲဒီလိုအခြေအနေကနေ အစာအာဟာရပြတ်လပ်တာ၊ အာဟာရချို့တဲ့တာ စတာတွေဖြစ်လာပါလိမ့်မယ်” ဟု ယူနီဆက်မှ အမှုဆောင်ဒါရိုက်တာ ဟန်နရီတာဖိုးက ပြောကြားသည်။
“သားသမီးငယ်တွေကို ကျွေးမွေးဖို့နဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့သူတွေဟာ ယခုဆိုရင် အငတ်ဘေးကျရောက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ အမေ့လျော့ခံဒုက္ခသည်တွေကို ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
ဆိုးရွားပြင်းထန်သည့် အာဟာရချို့တဲ့မှုဆိုသည်မှာ အာဟာရဆိုင်ရာအကြောင်းအရာတွင် အဆုံးစွန်သောအဆင့်ကို ဆိုလိုခြင်းဖြစ်သည်ဟု ယူနက်စကိုက ဆိုသည်။
ဆိုးရွားပြင်းထန်သည့် အာဟာရချို့တဲ့မှုခံစားနေရသော ကလေးငယ်များသည် ခန္ဓာကိုယ်အလေးချိန်အဆမတန် ကျဆင်းခြင်း၊ ကြွက်သားများဆိုးရွားစွာပျက်စီးခြင်း အစရှိသည်တို့ဖြစ်ပေါ်ခံစားကြရသည်။
ယင်းသို့ အာဟာရဆိုးရွားစွာချို့တဲ့နေသည့်ကလေးများကို ထိရောက်စွာကာကွယ်ကုသနိုင်ရန် အရေးကြီးကြောင်း ယူနီဆက်ကဆိုသည်။
F-01
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021