POST TYPE
NEWS
ခရစ်စမတ်အမီ ကိုဗစ်ကာကွယ်ဆေး အရေးပေါ်သုံးခွင့် ဥရောပသမဂ္ဂ အတည်ပြုပေးမည်
17-Dec-2020
ဒီဇင်ဘာ ၁၆
ဥရောပသမဂ္ဂသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအရေးပေါ်အသုံးပြုခွင့်ကို ခရစ်စမတ်မတိုင်ခင်တွင် အတည်ပြုပေးနိုင်ရန် ပြင်ဆင်နေကြောင်း DW သတင်းဌာနတွင် ဖော်ပြခဲ့သည်။
အမ်စတာဒမ်မြို့ အခြေစိုက် ဥရောပ ဆေးဝါးအေဂျင်စီ (EMA) သည် Pfizer/BioNTech ကိုဗစ်ကာကွယ်ဆေးအပေါ် ပညာရှင်များ ရှုထောင့်မှကြည့်ရှုဆုံးဖြတ် စစ်ဆေးမည့်အစည်းအဝေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်း ကျင်းပမည်ဟု မူလက ထုတ်ပြန်ထားရာမှ ယခုတွင် ဒီဇင်ဘာလ ၂၁ သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါရက် ပြောင်းရွှေ့ခြင်းသည် လွန်ခဲ့သောရက်များတွင် ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများ စတင်နေခြင်းကြောင့်ဖြစ်သည်။
ဓဒါဟာ ဥရောပသမဂ္ဂအတွက် သတင်းကောင်းပဲပေါ့ဗျာ” ဟု ဂျာမနီနိုင်ငံ ကျန်းမာရေးဝန်ကြီး ဂျန်စဖန်က ပြောခဲ့သည်။
"အဓိက ရည်ရွယ်ချက်ကတော့ ခရစ်စမတ်မတိုင်ခင် ဥရောပနိုင်ငံတွေကို ကာကွယ်ဆေးထိုးခွင့် အတည်ပြုပေးဖို့ ဖြစ်ပြီး ဂျာမနီနိုင်ငံသားတွေကို နှစ်သစ်မကူးခင် ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေ စတင်နိုင်ဖို့ပဲဖြစ်ပါတယ်”ဟု ဂျန်စဖန်က ဖြည့်စွက်ပြောကြားခဲ့သည်။
"ဥရောပမှာ ကာကွယ်ဆေးထိုးခွင့် အတည်ပြုပေးဖို့ ဘာလို့ အဲ့ဒီလောက်ကြာ နေရသလဲ” ဆိုသောမေးခွန်းသည် ပြည်သူများနှင့် ဂျာနယ်လစ်များ လတ်တလောတွင် အမေးများသော မေးခွန်း တစ်ခုဖြစ်နေကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဌာန (FDA) သည် လွန်ခဲ့သော တစ်ပတ်ခန့်တွင် ကိုဗစ် ကာကွယ်ဆေး အရေးပေါ် အသုံးပြုနိုင် ကြောင်း အတည်ပြုပေးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် Long Island ရှိ ကျန်းမာရေးဝန်ထမ်း အများအပြားကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် "ဘာကြောင့် ကြာနေရသလဲ” ဆိုသော မေးခွန်းအတွက် အဖြေပေးရန်မှာ အလွန်အကြပ်ရိုက်ခဲ့ ရသည်။
ကနေဒါနိုင်ငံတွင်လည်း ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများ စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
"ဒီဇင်ဘာလထဲမှာ ကာကွယ်ဆေး ထိုးတဲ့လုပ်ငန်းတွေ စတင်နိုင်ဖို့ ကျွန်တော်တို့တွေလည်း တတ်နိုင်သလောက် ကြိုးစားနေကြရပါတယ်”ဟု ဂျာမနီနိုင်ငံ ကျန်းမာရေးဝန်ကြီး ဂျန်စဖန်က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောခဲ့သည်။
F-05
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021