News

POST TYPE

NEWS

အလုပ်အကိုင် ၃၃၀ဝ ခန့် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြု
26-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၆

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၅/၂၀၂၀ ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်နေ့က Video Conferencing စနစ်ဖြင့်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ခန့် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း ၅ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ 

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၈၂၀ သန်းနှင့် ကျပ် ၆၇၃ ဒသမ ၂၀ဝ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၃၃၀ဝ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ဝ၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။      

S-07