News

POST TYPE

NEWS

ကိုဗစ်ကြောင့်ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများရပ်တည်နိုင်ရန် ရေတိုရေရှည်စီမံကိန်းများလိုအပ်
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁

COVID-19 ဖြစ်ပွားမှုကြောင့် ထိခိုက်မှုရှိသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန် အစိုးရက ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်နာယကဒေါက်တာခင်ရွှေက ပြောကြားသည်။

ကာလရှည်ကြာလာသည့် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းအကြီးအသေးအလိုက် ကိုဗစ်ရိုက်ခတ်သည့်ဒဏ်ကို အနည်း အများခံစားခဲ့ကြရပြီး အချို့လုပ်ငန်းများမှာ ပိတ်သိမ်းခဲ့ရသည့် အခြေအနေများလည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

"အဓိကတော့ Plan လုပ်ရတော့မှာပေါ့။ ကိုဗစ်ကတော့အချိန်တန်ရင်ပြီးမှာ မပြီးခင်မှာ ကိုဗစ်ပြီးတဲ့ကာလအတွက် ပြင်ဆင်ဖို့လိုတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ရေတိုရေရှည်ရှိတယ် ရေရှည်ဆို ဘာလုပ်ရမလဲဆိုတာ အစိုးရကရေးဆွဲရမယ်" ဟု ဒေါက်တာခင်ရွှေကဆိုသည်။


မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအလိုက် ဖွံ့ဖြိုးမှုများအနေဖြင့် ဧရာဝတီတိုင်းတွင် ငါးမွေးမြူရေးစိုက်ပျိုးရေးလုပ်ငန်း၊ ရန်ကုန်တိုင်းတွင် စီးပွားရေးဇုန်များ အကောင်ထည်ဖော်ခြင်း၊ ချင်းပြည်နယ်တွင် မွေးမြူရေးဇုန်များ၊ ရှမ်းပြည်နယ်တွင် စိုက်ပျိုးရေးဇုန်၊ ကချင်ပြည်နယ်တွင် ဆေးဥဆေးမြစ်များစိုက်ကာ တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းလုပ်ငန်းများကို အပိုင်းလိုက်ရေးဆွဲရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

တိုင်းနှင့်ပြည်နယ်အလိုက် လုပ်ဆောင်နိုင်မည့်လုပ်ငန်းများကို ကြိုတင်အစီအစဉ်ချ၍ ပြင်ဆင်လုပ်ဆောင်နိုင်မှသာ လက်ရှိကိုဗစ်ကြောင့် ထိခိုက်နေ သော စီးပွားရေးလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။   

J-03