News

POST TYPE

NEWS

အမေရိကန်တွင် တစ်ရက်အတွင်း စံချိန်တင်ကိုဗစ်လူနာသစ် တစ်သိန်းကျော်တွေ့
05-Nov-2020


ဝါရှင်တန် ဒီစီ၊ နိုဝင်ဘာ ၅

အမေရိကန်နိုင်ငံတွင် နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်အတွင်း စံချိန်တင်ပိုးတွေ့လူနာသစ် တစ်သိန်းကျော်ခဲ့သည် ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ပိုးရှိ၊ မရှိအစစ်ခံသူဦးရေ များပြားလာခြင်း တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဆေးရုံတက်ရောက်သူ အရေအတွက် တစ်ဟုန်ထိုးတက်လာခြင်းနှင့်အတူ ပိုးတွေ့ လူနာများလာခဲ့ခြင်းဖြစ်ကြောင်းကို Covid Tracking Project က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၄ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၀ဝ ကျော်ရှိခဲ့သည်ဟု သိရသည်။

အမေရိကန် ရွေးကောက်ပွဲ အားပြိုင်မှု၏ နောက်ဆက်တွဲ မဲအရေအတွက် ရေတွက်နေရသူများပြားပြီး ဝရုန်းသုန်းကားနိုင်သောအခြေအနေများက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီး အပေါ်သို့ လောင်းရိပ်သဖွယ် ဖြစ်နေသည်။

အမေရိကန် ပြည်သူပေါင်း ၅၀,ဝဝဝ ကျော် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ယင်းအရေအတွက်မှာ အောက်တိုဘာလဆန်းတွင် ဆေးရုံတက်ခဲ့သူ အရေအတွက်ထက် ၆၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်တွင် သေဆုံးခဲ့သော လူသေနှုန်းနီးပါး မမြင့်မားသော်လည်း ယခု ပျမ်းမျှ လူသေနှုန်းမှာလည်း ထပ်မံမြင့်တက်လာခဲ့ပြီဖြစ်သည်ဟု သိရသည်။

Washington Post သတင်းဌာန နှင့် မေးမြန်းခဲ့သော အင်တာဗျူးတစ်ခုတွင် အမေရိကနိုင်ငံ၏ ထိပ်တန်းကူးစက်ရောဂါ ပညာရှင် အန်တိုနီဖော်ဆီက “ကျွန်တော်တို့ အတော်ကြီး အထိနာတော့မှာပါ” ဟု ပြောခဲ့သည်။

အမေရိကန်နိုင်ငံတွင် Covid 19 ကူးစက်ခံရသူပေါင်း ၉ ဒသမ ၅ သန်း နီးပါး ရောက်ရှိလာပြီဖြစ်ပြီး သေဆုံးသူဦးရေမှာလည်း ၂၃၃,၀ဝ၀ ဦး အထိ ရှိလာပြီဖြစ်သည်။ 

အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ နှင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သည်။  

F-05